အခန်း(၁) - အစစ်အမှန် စီအီးအိုအဖေ
ချီမော့တစ်ယောက် ရေချိုးခန်းကနေ ထွက်လာသည်။ သူ၏ ကျယ်ပြောသော ပုခုံး၊ တောင့်တင်းနေသော ဗိုက်ကြွက်သား၊ သေးသွယ်သောခါး၊ လျော့ရဲစွာ ဝတ်ထားသော ရေချိုးဝတ်စုံနှင့် အတူ မှိန်ပျပျ မီးရောင်အောက်တွင် မြင်တွေ့ရသည်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
အိပ်ရာစွန်းတွင် လှဲလျောင်းနေသော ရှန်းမူမူသည် ဆွဲဆောင်မှုရှိလှသော သူမ၏ ကောက်ကြောင်းကို ဖော်ပြရင်း နီရဲနေသော နှုတ်ခမ်းပါးလေးမှာ စူနေပြီး ဟစိဟစိဖြစ်နေသည်။
"ချီမော့၊ ရှင် ဒါလေးတောင် မစွမ်းဆောင်နိုင်ဘူးလား၊ ကျွန်မ ဒီလိုဖြစ်နေတာတောင် မထိသေးဘူးလား"
စကားလုံးများအဆုံးတွင် ထိုအမျိုးသားသည် နက်မှောင်သော သူ့မျက်ဝန်းဖြင့် ထူးဆန်းသောအကြည့် ကြည့်လိုက်သည်။
ဝတ္ထုထဲကို အခုမှ ရောက်လာသော ရှန်းမူမူ ကိုယ်တိုင်သည်ပင် ထိုစကားလုံးများကြောင့် အံ့သြသွားခဲ့သည်။ သူမ၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု ဖြတ်သွားတာကိုလည်း တွေ့လိုက်ရသည်။
ရှန်းမူမူသည် ဇာတ်လိုက်မင်းသား၏ ယုတ်မာကြမ်းကြုတ်သော မိထွေးဖြစ်သူ ခန္ဓာကိုယ်ထဲကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
ခန့်ညားပြီး ဂုဏ်ကျက်သရေ ကိုယ်ရောင်ကိုယ်ဝါရှိနေသော ထိုအမျိုးသားမှာ ဇာတ်လိုက်မင်းသား ချီရှောင်ပိုင် မဟုတ်ချေ။
မင်းသား၏ အဖေ - ဖေဖေစီအီးအိုကြီး ချီမော့ဖြစ်နေပေသည်။
မှိန်ပျသောအလင်းရောင်ကြောင့် ရှန်းမူမူမှာ ထိုသူ၏ မျက်နှာကို သေချာမမြင်ရသော်လည်း ဘေးဘီက လေထု အခြေအနေကို ခန့်မှန်းမိနေသည်။
အခြေအနေမှာ အူကြောင်ကြောင်နိုင်ပြီး နေရခက်နေသည်။
ဤဝတ္ထု၏မူလစာရေးဆရာက သူမရောက်ရှိလာသော ဇာတ်ကောင်အတွက် သူမ၏ ခင်ပွန်းအမျိူးသား အသစ်စက်စက်လေးမှာ သူမခန္ဓာကိုယ်လိုအင်ဆန္ဒကို မဖြည့်ဆည်းပေးချေ။
သူတို့နှစ်ယောက်ကြား ဆက်ဆံရေးသည် လုံးဝအောက်ဆုံးအဆင့်မှာ ရှိနေခဲ့သည်။