Ch-8

490 51 6
                                    

အခန်း(၈) – ချီသခင်လေး မင်းမိထွေး ရောက်လာတယ်

ပါတီပွဲသည် ပြီးဆုံးသွားခဲ့လေပြီ။ ရှန်းမူမူသည် ချီမော့၏ လက်မောင်းကို ဖက်တွယ်ထားပြီး ပွဲခန်းမမှ ထွက်လာခဲ့သည်။

သူတို့သည် လူမြင်ကွင်းကွယ်ရာသို့ ရောက်လာသည့်အခါ ရှန်းမူမူသည် သူမလက်ကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး ချီမော့နှင့် ခပ်ဝေးဝေးမှာ ထိုင်လိုက်သည်။

လူများရှေ့တွင် မဟုတ်သောကြောင့် ဆက်လက် သရုပ်ဆောင်စရာ မလိုတော့ပေ။

"ကျွန်မတို့တွေ ကားအတူတူစီးပြီး ပြန်မှာလား ဒါမှမဟုတ် သပ်သပ်စီလား"

ရှန်းမူမူသည် အေးဆေးသောလေသံဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်မှာ "နောက်ဆုံးတွင် အလုပ်ချိန်ပြီးပြီ" ဆိုသော စိတ်သက်သက်သာသာဖြစ်သွားသောကြောင့်သာ ဖြစ်သည်။

လက်မောင်းအတွင်းဖက်တွင် ကျန်ရစ်နေသော အနွေးဓါတ်လေးသည် ချီမော့ကို အာရုံထွေပြားစေသည်။

ချီမော့သည် နက်ကတိုင်ကို သူ၏ ရှည်လျားသော လက်ချောင်းသွယ်သွယ်များဖြင့် ညင်သာစွာ ဖြေလျှော့လိုက်သည်။

"အတူတူ ပြန်ကြမယ်"

ကားသည် ချီအိမ်တော်ဆီ မောင်းလာခဲ့သည်။

သိတတ်သော ဒါရိုက်ဘာဝမ်သည် သူ့သူဌေးနှင့် သူဌေးမတို့ နှစ်ကိုယ်ကြား အချိန်လေးအတွက် ကားနောက်ခန်းကို စခရင်အမည်း ချပေးလိုက်သည်။

ဇိမ်ခံကား၏ ကားနောက်ခန်းသည် အလွန်ပင် ကျယ်ဝန်းလှသည်။ ထိုနောက်ခန်းက ခုံတွင် ထိုင်ခြင်းဖြင့် ချီမော့၏ ခြေထောက်သည် ပိုရှည်နေသလို မြင်ရသည်။

ကားအတွင်းသို့ ဝင်လာသော လမ်းမီးကြောင့် သူ၏ မျက်နှာဘေးတိုက်ပုံကို ပိုပြီး ချောမောလာအောင် အလင်းရောင်များ ဖြာကျပေးနေသည်။

ရှန်းမူမူသည် ထိုနေရာမှ အကြည့်လွှဲလိုက်သည်။ အကြောင်းမှာ ချီမော့၏ ရုပ်ရည်ကြောင့် အသက်ရှူမှားသွားသောကြောင့် ဖြစ်သည်။

သူမ၏ "ဟန်ဆောင်ယောကျာ်း"နှင့် နှစ်ယောက်တည်းသာ ရှိနေသော နေရခက်သော အခြေအနေမှ ရုန်းထွက်နိုင်ရန် သူမသည် ဖုန်းကို ထုတ်ကြည့်လိုက်သည်။

ရှင်ရှာသမျှ ပိုက်ဆံ ကျွန်မ သုံးဖြုန်းပေးမယ်Where stories live. Discover now