အပိုင်း 12

1.8K 91 29
                                    

အပိုင်း 12

သောကြာနေ့ နံနက်ခင်းအချိန်...

မိတ်ကပ်ပြင်သည့်သူကပြင်၊ ဆံထုံးထုံးသူကထုံး၊ အဝတ်အစားလဲသူကလဲ၊ ဓာတ်ပုံရိုက်သူကရိုက်နဲ့
အပျိုတွေ အလုပ်ရှုပ်နေကြသည်။

အလှူရှင်လောင်းလှည့်က 10နာရီမှာ စထွက်မှာဖြစ်လို့ ထိုအချိန်ထက် နောက်ကျလို့မရ။
နောက်ကျပါက လူပျိုတွေကို လူပျို‌ခေါင်းက ဒဏ်ရိုက်ပြီး အပျိုတွေကို အပျိုခေါင်းက ဒဏ်ရိုက်လေ့ရှိသည်။

ဘေးနားကပ်ရပ် ရွာ 10ရွာကို လှည့်မှာဖြစ်သည့်အတွက် အချိန်အားဖြင့် စောထွက်ရပြီး ညနေစောင်းမှ မဏ္ဍပ်ကို ပြန်ရောက်လေ့ရှိသည်။

.
.

"အမျိုးသားများ အမျိုးသမီးများ မကြာမီချိန်အတွင်းမှာ ရှင်လောင်းကြို ရှင်လောင်းကန်တော့ စထွက်တော့မာဖြစ်လို့ အလှူ မဏ္ဍပ်သို့ စုဝေးပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်"

ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဆော်ဩသံ ကို မင်းငယ် ကြားသည်နှင့် ....

"မမနွေ...ပြီးပြီလား လုပ်လုပ်...မဏ္ဍပ်ကို မင်းငယ်လိုက်ပို့မယ်"

"အညှော်မိနေပါဦးမယ် မင်းငယ်ရယ်...မမနွေ ကိုယ့်ဖာသာသွားပါ့မယ်"

နွေရိပ် မင်းငယ်ရဲ့ ပါးကလေးကို ခပ်ဖွဖွလေးဖဲ့ကာပြောလိုက်သည်။

"အော် ဒါနဲ့ ညနေကျရင် မိုးသက်နဲ့ သူ့ကောင်မလေးလာမာ...အဲ့တာ မင်းငယ်လေးက မမ‌နွေ ရှင်လောင်းလှည့်က ပြန်မလာသေးရင် သူတို့နဲ့ စကားပြောနေဦးနော်"

"ဟုတ် မမနွေ"

မမနွေက သိပ်ကို လှနေသည်။
သနပ်ခါးကြမ်းနဲ့ လိုက်သလို မိတ်ကပ်နဲ့လည်း သိပ်ကို လိုက်သည်။
ကော့နေသည့်မမနွေရဲ့ မျက်တောင်တို့က တခြားသူတွေလို အတုတပ်စရာမလိုပေ။
မျက်လုံးမျက်ခုံးပြောစရာမလိုအောင်လှတဲ့မမနွေက ဆွဲဆောင်မှုသိပ်ကိုရှိသည်။

အပြာရောင်အောက်ခံပေါ်မှာ ပန်းဆီရောင် ကနုတ်ပန်းထိုးထားသော ထိုင်းပိုးချိတ်လုံချည်နဲ့ အင်္ကျီပန်းဆီရောင်ကို မှ ရိုးရိုးလေးချုပ်ပြီးဝတ်ထားသောမမ‌နွေက ကျက်သရေရှိစွာကို လှနေသည်။

နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)Where stories live. Discover now