မိတ်ဆက်

1.1K 40 0
                                    

     စုယွီသည် သူ(မ)၏ စေ့စပ်ထားသူက အခြားအမျိုးသမီးနှင့် အိပ်နေသည်ကို တွေ့ပြီးနောက် ဝမ်းနည်း ဒေါသထွက်ကာ ဘားတစ်ခုတွင် အရက်သောက်နေခဲ့တယ်။ ထိုညအဆုံးမှာ သူ(မ)သည် ' ပေါ်ကြော့လူ တစ်ယောက် ' နှင့် မတော်တဆ အိပ်စက်မိခဲ့တယ်။ ဒီညံ့ဖျင်းတဲ့ လူမိုက်က ခေါင်းမာပြီး သူတို့တစ်ညလုံး အတူတူနေမိသောကြောင့် တာဝန်ယူဖို့ သူ(မ)နောက်ကို အမြဲလိုက်နေခဲ့တယ်။

     ဖေထျန်လင်က " မင်း ငါ့ရဲ့ ပထမဆုံးအကြိမ်ကို ယူခဲ့တာဆိုတော့ မင်းတာဝန်ယူသင့်တယ် "

     စုယွီသည် ဒေါသတကြီး ပြေးလာတယ်။

     " ဒါကလည်း ငါ့ရဲ့ ပထမဆုံးအကြိမ်ပဲ ! "

     ဖေထျန်လင်က " ဒါဆို ကျွန်တော် တာဝန်ယူပါ့မယ်။ လက်ထပ်ကြရအောင်။ "

     စုယွီ အံ့အားသင့်သွားတယ်။

     " အိပ်မက်ပဲ ! "

     ပေါ်ကြော့လူ၏ လှည့်စားခြင်းကို ခံရသည်ဟု သူ(မ) ခံစားခဲ့ရသော်လည်း သူက ငွေကြေး သို့မဟုတ် ပိုင်ဆိုင်မှုများကို မလိုချင်ပါ။ လက်ထပ်စာချုပ်ကိုသာ လိုချင်တယ်။ စုယွီက ဒေါသတကြီး သွားတွေ ကိုက်လိုက်တယ်။

     " ဒါက အိမ်ထောင်ရေး လက်မှတ်ပဲလေ ! ဟုတ်ပြီ သွားယူရအောင် ! "

     ပေါ်ကြော့လူနှင့် လက်ထပ်ကြောင်း စေ့စပ်ထားသူ ကြားသောအခါ သူက သူ့(မ)ကို အယုံသွင်းချင်နေတယ်။

     " ယွီယွီ ကိုယ် မင်းကို နာကျင်စေတယ်ဆိုတာ ကိုယ်သိတယ်။ ဒါပေမယ့် ပေါ်ကြော့လူ တစ်ယောက်နဲ့ လက်ထပ်လိုက်ပြီး မင်းကိုယ်မင်း အပျက်စီးမခံနဲ့။ မင်းဆန္ဒရှိရင် ကိုယ် မင်းကို လက်ထပ်နိုင်တယ်။ "

     စုယွီက လှောင်ပြောင်တယ်။

     " မင်းအမေနဲ့ လက်ထပ်လိုက် ! "

     ဖေထျန်လင်နှင့် စုယွီ၏ လက်ထပ်သည့် ဒုတိယနေ့တွင် မရေမတွက်နိုင်သော လက်ဝတ်ရတနာများ၊ စိန်များ၊ အရည်အသွေးမြင့် စိတ်ကြိုက်လုပ်ထားသော အဝတ်အစားများ၊ ဇိမ်ခံကားများနှင့် ခမ်းနားသော အိမ်ထောင်ပစ္စည်းများကို စုယွီထံ ပေးအပ်ခဲ့သည်ကို ဘယ်သူသိလဲ ? ' ပေါ်ကြော့လူ ' က စုယွီရဲ့ အဆုံးမသတ်နိုင်သော လွှမ်းမိုးချုပ်ကိုင်မှုရှိသော CEO ဖြစ်လာခဲ့တယ်။

     ဖေကော်ပိုရေးရှင်း၏ လျှို့ဝှက်ဆန်းကြယ်သော CEO ဖြစ်သူ ဖေထျန်လင်သည် ' သန့်ရှင်းမှုကို စွဲလမ်းသူ ' ဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေတယ်။ သို့သော် စုယွီသည် စပျစ်သီးစားသောအခါတွင် သူသည် စပျစ်သီးစေ့များကို ဖမ်းရန် သူ့လက်ကို နာခံစွာ ဆန့်ထုတ်တယ်။

     ဖေကော်ပိုရေးရှင်း၏ လျှို့ဝှက်ဆန်းကြယ်သော CEO သည် ခပ်ခွာခွာနေပြီး နီးစပ်ရန် ခက်ခဲသည်ဟု ကောလဟာလများ ထွက်ပေါ်နေတယ်။ သို့သော် စုယွီ ရှေ့မှာတော့ သူက နူးညံ့သိမ်မွေ့တယ်။

      ဖေထျန်လင်သည် တရားမျှတပြီး ဘက်မလိုက်သော အမျိုးသားဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်နေတယ်။ ဒါပေမယ့် သူ့မိန်းမ စုယွီကို ကာကွယ်ဖို့ စည်းကမ်းကို ဖောက်ဖျက်တယ်။ တရားမျှတမှုနှင့် တရားဥပဒေသည် သူ့ဇနီးနှင့် မယှဉ်နိုင်ပေ !

English Name - Master Pei Has Tons of Ideas to Trick Her Into A Marriage

Genre: Romance

Credit to Original Author &  English Translator

Chapters - 110 chapters

MM Translator - Eaint Myat Chal

မစ္စတာဖေက လက်ထပ်ဖို့ သူ(မ)ရဲ့ စိတ်ကူးတွေကို လှည့်စားတယ် ( မြန်မာ ဘာသာပြန် )Where stories live. Discover now