~သံယောဇဉ် ~
အပိုင်း(၂၆)
"ဓာတ်ပုံထဲမှာ ကျွန်တော်တွေ့ကတည်းက မငုဝါနွယ်ကို စိတ်ဝင်စားနေခဲ့တာပါ....ကျွန်တော့်ကို အတည်တကျမတွဲချင်ဘူးဆိုရင်တောင် ခဏလောက်လေးတွဲကြည့်မယ်ဆိုလည်း အဆင်ပြေပါတယ်..... "
သူ့စကားပြောပုံတွေ....နေပုံထိုင်ပုံတွေနှင့်
အသံနေအသံထားစသည့်
တချိူ့သောအရာတွေက ကိုကိုနှင့်တူပေမယ့်
ငုဝါသဘောကျသည့် ကိုကို့အပြုံးတွေနှင့်တော့ မတူပါ...ရုပ်ရည်ကလည်း တစ်ချက်တစ်ချက်ဆို ကိုကိုနဲ့ဆင်တူသည်။
သူကလည်း သူ့ပုံစံနှင့်သူ တစ်မျိုးချော်ပေမယ့်
ကိုကို့မျက်နှာအတိုင်းတော့ မဟုတ်ပါ....ငုဝါနွယ်ရယ်.. ကိုကိုနဲ့တစ်ထေရာတည်းတူရအောင် သူက
ကိုကို့အမွှာမှမဟုတ်တာ..ဘယ်လိုလုပ်တူနိုင်မှာလည်း....ငုဝါ ကိုယ့်စိတ်ကိုသိ၍ ပြန်ထိန်းလိုက်သည်။ ကိုကိုနဲ့အနည်းငယ်တူပေမယ့် အများစုကမတူတော့ အဆင်မပြေဘူးဆိုသည့်စိတ်ကဝင်လာတာကြောင့် ကိုယ့်ကိုကိုယ် ပြန်ပြီး စိတ်ဖြေလိုက်သည်။
"တို့က လူတစ်ယောက်ကို မမေ့နိုင်ဘူးဆိုတာကို မင်းသိထားတယ်လို့ပြောတယ်...."
"သိပါတယ်.... အရင်ကချစ်ခဲ့ဖူးတဲ့သူရှိတယ်ဆိုတာကို...
ဒါပေမယ့် မပူပါနဲ့ မမ ကျွန်တော်နဲ့တွဲရင် သူ့ကို မေ့နိုင်မှာပါ""အဲ့လောက်မလွယ်ဘူးထင်တယ်.......သူ့ကို
၈နှစ်လောက်ကြာတာတောင်မမေ့နိုင်တာ..မင်းနဲ့တွဲပြီး ခဏလေးနဲ့မေ့နိုင်မယ်ဆိုတာကြီးက မဖြစ်နိုင်တာဘဲ...""ကျွန်တော့်ကို ငြင်းနေတာလား.."
ဒီလို တစ်လုံးချင်းပြောသည့် လေယူလေသံတွေက
ကိုကိုနှင့်ဆင်လေသည်။"အဲ့လိုလည်းမဟုတ်ပါဘူး....တို့ပြောတာက မေ့နိုင်ဖို့
အဲ့ဒီလောက်မလွယ်ဘူး ဆိုတာကိုပါ....""ဒါဆို ကျွန်တော်နဲတွဲကြည့်ပါလား...ကျွန်တော့်ဘက်ကတော့
မမကိုမြင်မြင်ချင်းချစ်မိလို့ မမအနားမှာ နေချင်မိတယ်..
ကျွန်တော့်ကို စိတ်မပါလို့ အပျော်တွဲလည်း အဆင်ပြေပါတယ် "
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...