အခန်း (၉) - သူမကိုယ်သူမ အမေတစ်ယောက်အဖြစ် မမှတ်ယူထားခဲ့ဘူး၊ သူမဟာ မိထွေးတစ်ယောက်ပဲ
ဝေကျောက်နန်၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ သူ့ဘေးနားတွင် ပိုကာကစားနေသူများပါ သူ့ကို ဝိုင်းကြည့်ပြီး တီးတိုးပြောနေကြသည်။
"ချီသခင်လေးရဲ့ အမေက ဒီကိုရောက်နေတယ်လား။"
"ဘယ်သူ့အမေလဲ"
"ချီသခင်လေးရဲ့ အမေလေ"
မသိလျှင် သူတို့သည် လူတစ်ယောက်ကို ကြိမ်ဆဲနေသလို ဖြစ်နေသည်။
ချီရှောင်ပိုင်သည် မျက်မှောင်ကြုတ်လျှက် သူ့မျက်လုံးကို ဖြေးညင်းစွာ ဖွင့်ကြည့်လိုက်သည်။
မွန်းတည့်နေရောင်သည် ကြည်လင်သန့်စင်သော သူ့မျက်လုံးများထဲတွင် တောက်ပနေပြီး သူ့ကို ပို၍ ကြည့်ကောင်းအောင် လုပ်ပေးနေသည်။
မယုံကြည်သော အရိပ်အရောင်ကို သူ၏ မျက်စိသူငယ်အိမ်တွင် ဖြတ်ခနဲ တွေ့လိုက်ရသည်။
သူသည် အေးစက်စွာ အသက်ကို ရှူထုတ်လိုက်သည်။
"သွားစမ်းပါ၊ မင်းပြောတာ ငါယုံမယ်များ ထင်နေလား"
သူ မယုံကြည်ခဲ့ပေ။
ဝေကျောက်နန်သည် ပျင်းပြီး ပေါက်ကရတွေ လျှောက်ပြောနေသည်ဟုသာ သူ ယုံကြည်နေသည်။
ထို့နောက် သူ့မျက်လုံးကို ပြန်မှိတ်လိုက်ပြီး နေရောင်ထဲတွင် နေပူဆာ ဆက်လှုံနေလေသည်။
"တကယ်ပြောနေတာ၊ နောက်နေတာမဟုတ်ဘူး၊ မင်းမေမေလေးက အရမ်းလှတာ၊ မမှတ်မိနိုင်စရာ အကြောင်း မရှိဘူး"
ချီရှောင်ပိုင်သည် သူ့မျက်လုံးကို စုံဖွင့်လိုက်ပြီး ဝေကျောက်နန်ကို စိုက်ကြည့်ကာ သူ့စကားများသည် တစ်ခုခု မူမမှန်တော့ကြောင်း ခံစားမိနေသည်။ ဝေကျောက်နန်လည်း စိတ်မရှည်သည့် လေသံဖြင့် "မင်းအမေဟေ့"
ဝေကျောက်နန်သည် တောင်းပန်သလို ပြန််ပြောပြီး "မင်း မိထွေး၊ မင်း မိထွေးဟေ့၊ ငါမှားပြောမိတာ၊ ဆောရီး"
ဝေကျောက်နန်၏ စိတ်ရင်းမှန်နှင့် တကယ်ပြောနေသည်ကို မြင်ပြီး ချီရှောင်ပိုင်သည် မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေလေသည်။