Chapter - 10

389 52 11
                                    

[ Unicode version ]

လက်ထဲကဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး လမ်းမထက် အရူးလိုမျိုးပြေးလွှားနေတဲ့ ကျစ်ကွမ်းက ဝတ်ထားတဲ့ရှပ်တစ်ခုလုံးချွေးတွေရွဲနစ်လို့။ ဖြတ်သွားဖြတ်လာလူတွေကိုပင် တွန်းတိုက်ခဲ့မိပြီး အရှေ့ကိုသာအလောတကြီးပြေးလွှားနေခဲ့သည်။ အလုပ်လုပ်နေရင်းဝင်လာတဲ့ဖုန်းက ကိုကို့ဆီကဖြစ်ပေမယ့် တစ်ဖက်က ‘ လူနာက ကားမတော်တဆကြောင့်အရေးပေါ် အခြေအနေဖြစ်နေပါတယ် ’ ဆိုတဲ့စကားဟာ ကျစ်ကွမ်းတစ်ကိုယ်လုံးကို သံတွေနဲ့ထုရိုက်လိုက်သလိုပင်။ ဘာစကားကိုမှလည်းထပ်မပြောနိုင်တော့ဘဲ ဖုန်းကိုကိုင်ထားပြီး ပြေးထွက်လာခဲ့တာဖြစ်သည်။ အဌားယျာဉ်ငှားဖို့ကိုတောင့်မေ့လျော့တဲ့ထိ သူက ကိုကို့ဇောနဲ့ ခြေလှမ်းတွေကိုအရှိန်မြှင့်ရင်းပြေးနေခဲ့တာ။ အကယ်၍ ကိုကိုသာတစ်ခုခုဖြစ်သွားရင် ကျစ်ကွမ်းဘဝတစ်ခုလုံးရပ်တန့်သွားမှာ။

သူအလုပ်လုပ်တဲ့နေရာနဲ့ သိပ်အလှမ်းမဝေးတဲ့နေရာဖြစ်တာကြောင့် ကျစ်ကွမ်းက ခဏအကြာမှာပဲ ဆေးရုံကိုရောက်လို့သွားသည်။ မိနစ်ပိုင်းလောက်ကရောက်လာတဲ့ အရေးပေါ်လူနာကိုမေးမြန်းပြီးတာနဲ့ သူနာပြုညွှန်ပြတဲ့နေရာကို ကျစ်ကွမ်းက အားကုန်ပြေးပြန်ပါသည်။

အရေးပေါ်ခွဲခန်းရှေ့ကိုရောက်ရောက်ချင်းမြင်လိုက်ရတာက ဒါရိုက်တာလုဖြစ်နေတာကြောင့် ကျစ်ကွမ်းက အနည်းငယ်အံ့ဩသွားပေမယ့်လည်း အခုချိန်မှာကိုကို့လောက်အရေးကြီးတာမရှိတာမို့ ကျစ်ကွမ်းက ဒါရိုက်တာလုအနားကိုပြေးသွားလိုက်သည်။

“ ကျစ်ကွမ်း ”

“ ဘယ်...ဘယ်လိုဖြစ်တာလဲ ကိုကိုရော ”

‌အတော်လေးမောဟိုက်နေတဲ့ ကျစ်ကွမ်းက အသက်ရှူဖို့ထက် ကိုကို့ကိုအရင်ဆုံးမေးမြန်းသည်။ အရှေ့က လုပိုင်ဟူရဲ့မျက်နှာကလည်းသွေးတစ်စက်မှမရှိတော့သလို ဖြူစုတ်နေပြီး ကျစ်ကွမ်းမေးခွန်းကိုပြန်မဖြေတတ်ဖြစ်နေသည်။

“ ဘယ်လိုဖြစ်တာလဲလို့ လုကော! လုကောကရောဘာလို့ဒီမှာရှိနေတာလဲ ”

ကျစ်ကွမ်းအသံက အနည်းငယ်မြင့်တက်လာပြီး သူဟာတကယ်ပဲ ထွက်လာတဲ့ဒေါသတွေကိုဘယ်သူ့အပေါ်ပုံချရမှန်းမသိဖြစ်နေတော့သည်။ ဒီလိုနေရာမျိုးမှာ ကိုကိုရှိနေတယ်ဆိုတဲ့အတွေးက ကျစ်ကွမ်းကိုဓားသွားတွေနဲ့အကြိမ်ကြိမ်ထိုးစိုက်နေသလိုပင်။ သူဘာကိုမှမတွေးနိုင်ဘူး။ ဘာကိုမှလည်းစိတ်မရှည်ချင်တော့ဘူး။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now