2

48 12 3
                                    

[Unicode]

အစိမ်းနုရောင် မြက်ခင်းပြင်ကြီးဆီမှာ
မြေမြှုပ်ထားတဲ့ အဖေ့ရဲ့ခန္ဓာ။
အုတ်နဲ့လုပ်ထားတဲ့အနက်ရောင်ဆိုင်းဘုတ်မှာတော့...

[Mr.John Manoban
         61 Year]

အနက်ရောင်ဂါဝန်နဲ့ ဒူးထောက်ကာ
ငိုကြွေးနေတဲ့လီဆာ။ အနောက်မှာလည်း သူဌေးမ၏
အတွင်းရေးမှူးဆိုသူ မိန်းမနဲ့ သက်တော်စောင့်နှစ်ဦးဟာ
မတ်တပ်ရပ်လျက်ရှိ၏။

"လာလီဆာ! အချိန်လင့်ပြီ ပြန်ကြရအောင်"

လီဆာကတော့ အဖေ့အနားမယ်နေရတာ
အချိန်ကြာတယ် တိုတောင်းတယ်လို့ မထင်မိဘူး။
ရင်ထဲက တောင်းပန်စကားတွေပဲ
အဖေ့ဆီ အထပ်ထပ်ခါခါဆိုနေမိလို့
နေ၀င်ချိန်ရောက်နေတာတောင် သတိမမူမိတော့။
အဖေ...လီဆာဆရာ၀န်ဖြစ်သွားတာတောင်မမြင်ခဲ့ရ။

သူဌေးမဟာ နာရေးကိစ္စကနေစလို့ မြေချတဲ့အထိ
ကူညီထောက်ပံ့ပေးခဲ့သည်။ အိမ်ကိုပြန်ရဖို့တော့
မသေချာတဲ့အတွက် ဒီတွေအားလုံးပြီးတဲ့အခါ
ဘယ်မှာသွားနေရမလဲလို့တွေးမိတိုင်း အနာဂတ်မဲ့နေတယ်။

🍂

အနီးနားက စားသောက်ဆိုင်တစ်ခုတွင်
ဖြစ်သည်။ မနေ့တည်းကစလို့
အခုထိဘာမှမစားရသေးတဲ့ လီဆာ့ကို
နားချပြီး ခေါ်လာခြင်းဖြစ်သည်။
အခုတော့ နေ့လည်၂နာရီပေါ့။

"မင်းအဖေလည်း မရှိတော့ဘူးဆိုတော့
တခြားဆွေမျိုးသားချင်းတွေခေါ်ထားပါလား
မိန်းကလေးတစ်ယောက်တည်းဆိုတော့ လုံခြုံအောင်လို့ပါ"

"ဟင့်အင်း ကျွန်မမှာ ဘယ်ဆွေမျိုးမှမရှိပါဘူး
သားအဖနှစ်ယောက်ထဲပါ အခုတော့တစ်ကောင်ကြွက်ပေါ့
နောက်ပြီးးးး
အိမ်ကလည်း အကြွေးနဲ့သိမ်းသွားပြီလေ"

ထိုစကားကို မျက်လုံးမှိတ်ခေါင်းငုံ့လျက်
သက်ပြင်းတစ်ချက်ချကာ ပြောတော့
ထိုအမျိုးသမီးက စိတ်ပူဟန်ဖြင့်

"ဒါဆို မင်းက
ဘယ်လိုလုပ်မှာလဲ အိမ်မရှိဘဲ"

ဘာမှပြန်မဖြေဖြစ်တော့ပါဘူး။ ပြောဖို့လည်းစကားမရှိသလို
ဘာမှလည်း တွေးထားမိတာမရှိတော့လို့။ ထင်တာတော့
လေမလွင့်ယုံတမယ်မို့ အလုပ်ကြမ်းတွေလုပ်ရတော့မှာပဲ။
ဆေးပညာဘက်ကိုပဲ ၀ါသနာပါလို့လေ့လာလိုက်စားတော့
စာကလွဲပြီး ဘာမှမလုပ်တတ်တော့ အခက်သား။

A Carnation Of ChangeabilityWhere stories live. Discover now