"ဦးညိုရေ ဦးညို သားဝင်လာမယ်နော်"
အသံထက်မြန်သော လူဟာ ဧည့်ခန်းထဲသိုရောက်နှင့်လေသည်."အော် ဓနလေး ဘာကိစ္စရှိလို့တုန်း"
"သားဒီတိုင်းအလည်လာတာပါ"
"အေးအေး ရေခဲသေတ္တာထဲမှာမုန့်တွေရှိတယ်သွားယူစားချေ"
ချစ်ဦးညိုစကားတောင်မဆုံးသေခင် အလျှင်းထက်မြန်သောအရှိန်နှုန်းဖြင့်မီးဖိုးချောင်သို့ဦးတည်နေသည်။ချစ်ဦးညို ရုံးပိတ်ရက်မို့အိမ်မှာပဲ စာရင်းများကိုစစ်နေသည် ကလေးချစ်တတ်သူ သူ့အဖို့ ဓနလေးသာခင်တွယ်စရာ..အ င်း..ကလေးနဲ့တူတဲ့မျက်ဝန်းလေးကရောအခုဘယ်ဘုံဘဝမှာပျော်မွှေ့နေလေမလဲ..ချစ်ရသူ၏နောက်ဆုံးထွက်သက်အမှားစကားကြောင့်သာယနေ့အထိရှင်သန်နေခြင်းဖြစ်သည် သို့မဟုတ်လျှင်ပင် သူသည်ဒီလောကကြီးနေထွက်ခွာကာချစ်ရသူနောက်သို့သာလိုက်သွားမိမည်.."ဦးညို..ဦးညို..သားခေါ်နေတာကြားလား ဘာတွေစဥ်းစားနေတာလဲ"
ခွန်းဓနအသံအဆုံး အတွေးနွံထဲကရုန်းထွက်ကာ သူ့ရှေ့က ကိတ်မုန့်ကိုပေပွအောင်ပီဘီကလေးသဖွယ်တစ်မြုံ့မြုံ့စားနေတဲ့ ဓနလေးထံအကြည့်ပို့မိလိုက်တယ်
"ပြောလေ ဓန ဘာပြောမလို့လဲ"
"ဟီး..ဘာမှမဟုတ်ပါဘူး.ဒါနဲ့ဦးညိုမှာအချစ်ဦးရှိလား?"
ဓန၏အမေးကို ချစ်ဦးညို ကြောင် အနေပြီးသတိပြန်ဝင်လာကာ
"ဘာလို့မေးတာလဲဓနလေးရဲ့""ဘာမှမဟုတ်ပါဘူး..ဒီတိုင်း..သားကိုပြောပြနော် နော်လို့ဦးညို"
Puppy မျက်လုံးလိုဝိုင်းဆက်နေကာ ထိုအကြောင်းအရာကိုမသိရလျှင်မပြန်ဘူးဆိုသည့်သဘော"ဘာလဲ မင်းမှာရည်းစားရှိနေပြီးလား"
သူမျက်ခုံးတစ်ဖက်ကိုပင့်ကာ အမေးထုတ်လိုက်သည်
ခွန်းဓနလွန်းက ပြာပြာသလဲ့နှင့်
"ဟာ မဟုတ်တာဦးညိုကလဲ ဘယ်ကရှိရမှာလဲ""ဟုတ်ပါပြီ.."
နွေဦးလိုအချိန်လိုတစ်စုံတစ်ယောက်နှင့် တွေ့စုံခဲ့သည့်အတိတ်နေ့ရက်များဆီသို့သူပြန်လဲရောက်ရှိခဲ့သည်..
သူ့အသက်၁၀နှစ်အရွယ်မှာ ဖေဖေဟာ ကားမတောတဆမူ့နှင့်သေဆုံးခဲ့ရပြီးအမေဟာလဲအဖေသေဆုံးသည့်အချိန်မှအဖေ့စိတ်နှင့်ကျန်းမာရေးချူချာလာသည်.သူတို့လဲ ရှိသမျှ အတွင်းပစ္စည်းအပြင်ပ္စည်းလယ်မြေများကိုရောင်းချကာ အမေ့ကျန်းမာရေးကိုကုသရသည်။အဖေရှိစဥ်ကငွေကိုရေလိုသုံးနိုင်သည့်ဘဝမှစီးပွားရေးကျဆင်စလာခဲ့ပြီးသူတို့၏ပိုင်ဆိုင်မူ့များသည်တစ်စတစ်စနှင့်ယုတ်လျှော့လာသည်။ချမ်းသာတုန်းကကူညီခဲ့သည့်ဆွေမျိုးများက စည်းစိမ်းနည်းပါလာသည်နှင့်ပေါ်မလာခဲ့ ယုတ်စွအဆုံးအဖေ့နာရေးတောင်ရောက်မလာခဲ့ပါချေ။သူကျောင်းကထွက်ကာ ဆေးဖိုးအတွက်အလုပ်ဝင်လုပ်ရသည်။
YOU ARE READING
Heart & Soul
Short Storyပထဦးဆုံးအရေးအသားမို့ သည်းခံဖတ်ပေးကြပါ Start date:18/4/2024