Just one dream

624 60 20
                                    

လူတိုင်းမှာ မက်လေ့ရှိတယ့် အိမ်မက်လှလှလေးတွေရှိတယ်တဲ့ ကျွန်တော်မက်ခဲ့တဲ့ အိမ်မက်လှလှလေးကတော့ အကိုပဲဖြစ်ခဲ့ပုံပါပဲ

တစ်ဖြည်းဖြည်း သဘောကျကျရင်းကျသွားမိတဲ့ မျက်၀န်းတစ်စုံ အပြုံးလှလှလေးကို ငေးကြည့်ရင်း မရုန်းထွက်နိုင်တဲ့ အခိုက်အတံ့တွေ သိပ်သဘောကျတာပဲအကိုရယ်

*****
မိုးရွာပြီး နေရောင်တွေမလင်းတဲ့တစ်နေ့ ဆော့မင်း ကျောင်းနောက်ကျနေတာမို့ မြန်မြန်သွား‌နေချိန်
မိုးရေတွေကချော်နေတာမို့ ရှေ့ကလူတစ်‌ ယောက်ရဲ့နောက်ကျောကိုတိုက်မိသွားမိတယ်

*သွားပါပြီဆော့မင်းရေ လုပ်လိုက်ရင်ဖြစ်ရမယ်*

တွေးနေရင်း တောင်းပန်မလို့လုပ်လိုက်ပေမယ့် နောက်လှည့်လာတဲ့သူကိုမြင်လိုက်ရချိန်မှာတော့ ပြောစကာမထွက်လာတော့

"မိုးရွာနေတာကို ဂရုစိုက်မှပေါ့ ရှေ့နောက်ကြည့်ပြီးမှသွားပေါ့ "

"ဟုတ်ကဲ့ပါ စီနီယာ.. နောက်တစ်ခေါက်မဖြစ်စေရပါဘူး"

ဆော့မင်းမျက်နှာကိုမကြည့်ပဲသာ ပြောမိသည် စီနီယာဟုန်းပဲ !!

"ဘာလုပ်နေတာလဲ နောက်ကျနေပြီကိုမြန်မြန်သွားရအောင် "

သူ့ထက်နောက်ကျမှရောက်လာတဲ့ မင်ဂယူက လောနေဟန်နဲ့သူ့ကိုခေါ်ပြီး အတန်းကိုမြန်မြန်ပဲသွားလိုက်သည် မဟုတ်ရင်ဆော့မင်းကဒီတိုင်းအဲ့ဒီနေရာမှာပဲရပ်နေတော့မှာ

"ဘာ ဘာ ထပ်ပြောစမ်းပါဦး မင်းကစီနီယာဟုန်းကို တိုက်မိတယ် ဝိူး နောက်ဆုံးတော့ အီဆော့မင်းတို့ နှစ်ရှည်လများ သဘောကျနေတဲ့သူဆီကနေ သတိထားမိ‌တော့မှာပါလား"

"တိတ်တိတ်ပြောပါ မင်ဂယူရယ် တစ်ကျောင်းလုံးသိကုန်မှဖြင့်"

ဟုတ်သည် ဆော့မင်းကကျောင်းဖွင့်စမှာပဲ ဘောလုံးကန်‌နေတဲ့ စီနီယာဖြစ်လောက်မယ့် ဟုန်းဂျီဆူးကိုသဘောကျသွားခဲ့သည် ဒါကြောင့် ကျောင်းအားလပ်ချိန်တွေမှာ စီနီယာဟုန်းရှိတဲ့ ‌နေရာတွေကို စုံစမ်းပြီး သွားဖြစ်သည် ဒါတောင်မှ စီနီယာကသူ့ကိုသတိမထားမိခဲ့

𝙅𝙪𝙨𝙩 𝙤𝙣𝙚 𝙙𝙧𝙚𝙖𝙢 [𝙊𝙣𝙚 𝙨𝙝𝙤𝙩]Where stories live. Discover now