အချိန်တွေတဖြည်းဖြည်းကုန်လွန်လာသည်နှင့်အမျှသူတို့နှစ်ယောက်ကြားရဲ့ဆက်ဆံရေးကအရင်လိုမဟုတ်တော့ပဲသူငယ်ချင်းဆိုတဲ့ခေါင်းစဥ်အောက်ကိုရောက်လာခဲ့ပြီ။
ဒီနေ့ကချယ်ရီပန်းတွေနောက်ဆုံးပွင့်တဲ့နေ့မို့လို့ အတူတူကြည့်ဖို့လုပ်ထားသည်။ ဟာအိုအပေါ်ကဆွယ်တာအ၀ါရောင်လေး၀တ်ထားပြီဂျင်းဘောင်းဘီတိုလေးကို၀တ်ထားသည်။ဘောင်းဘီအိတ်ထဲလက်လေးထည်ပြီး ဟန်ဘင်းအလာကိုစောင့်နေသည်။
"ဆောင်းဟန်ဘင်း ဒီနေ့ကိုမေ့နေပြီလား မသိဘူး"
ခနကြာတော့ရောက်လာပါပြီကိုယ်တော်ချော။ဒီနေ့ကျတော့သန််ရပ်နေလိုက်တာ။
"Hao ge..."
"ရောက်လာပြီလား ငါကမေ့နေပြီထင်တာ"
"ဟျောင်းကလည်း..ကျွန်တော်မမေ့ပါဘူးနော်"
"လာ...မြန်မြန်သွားရအောင်"
ဟာအိုစိတ်ကောက်ကာ ရှေ့ကနေခြေလှမ်းခပ်မြန်မြန်နှင့်လျှောက်သွားသည်။
"Hao ge..
Hao ge!!"
သူဒီလောက်အော်ပေမယ့်ဟိုကလှည့်တောင်မကြည့်။
ဟန်ဘင်း ဟာအိုနောက်ကိုမှီအောင်အမြန်ပြေးလိုက်ရသည်။
ဒီဟျောင်း 1နာရီလေးနောက်ကျတာကိုကောက်နေလိုက်တာ။
တကယ်တော့ဟာအိုသူ့ကိုခေါ်ထားတာ8နာရီကတည်းကပင် သူရောက်လာတာက9နာရီစောင်းနေပြီဖြစ်သည်။"ဟာအိုဟျောင်း ကျွန်တော်...တောင်းပန်ပါတယ်"
"..."
ဟာအိုမျက်စောင်းနဲ့တစ်ချက်ကြည့်လိုက်ပြီး"တောင်းပန်ပါတယ်လို့..."
ဟန်ဘင်းကဟာအိုရဲ့အင်ကျီလက်စကိုဆွဲကာနှုတ်ခမ်းလေးဆူပြီးလာချွဲတော့ ဟာအိုဟိုဘက်လှည့်ပြီးခိုးရီီလိုက်သည်။
"ဘာလည်း ဟျောင်းကရီတယ်ပေါ့"
"မရီပါဘူး"
"အဲဆိုဘာလို့ဟိုဘက်ကိုလှည့်လိုက်တာလည်း"
"ဟမ်...အဲဒါက..
ခြင်လေ...ခြင်မျက်စိရှေ့လာ၀ဲနေလို့"
ခိုးရီတာကိုမိသွားသေးတယ်။ဆောင်းဟန်ဘင်းတို့မျက်စိလျင်ချက်။
ဟာအိုနာရီကြည့်လိုက်တော့9နာရီခွဲတော့မည်။"မြန်မြန်သွားရအောင် နောက်ကျနေပြီ"
"အင်း..."
____________________________________
ချယ်ရီပန်းတွေနောက်ဆုံးပွင့်တဲ့နေ့မို့လို့လားမသိလာကြည့်တဲ့လူတွေများသည်။တစ်ချို့ကမိသားစုနဲ့အတူလာသလို တစ်ချို့ကချစ်သူရည်းစားနဲ့လည်းလာကြည့်ကြသည်။*လူတွေကများလိုက်တာ ဒီလိုလူများတဲ့နေရာကိုမကြိုက်ပါဘူးဆို
လူနည်းတဲ့နေရာကိုလိုက်ရှာကြည့်ရမယ်*"ဟျောင်း လူများတဲ့နေရာကိုမကြိုက်ဘူးလား"
ရုတ်တရက်"လူများတဲ့နေရာကိုမကြိုက်ဘူးလား"လာမေးတော့အံ့သြသွားသည့်ဟန်။သူငါ့စိတ်ကိုဖတ်လိုက်တာလား?ဟာအိုတစ်ချက်တွေးမိသည်။
"ဟမ်..အင်း"
"ဟျောင်း..ကျွန်တော်လက်ကိုကိုင်ထား"
"ဘာလုပ်မို့လဲ?"
"ကျွန်တော်လူနည်းတဲ့နေရာကိုရှာတွေ့ထားတယ်"
လူအုပ်ကြားထဲမှာမှ ယောင်္ကျားချင်းလက်တွဲထားတယ်ဆိုလို့သူတို့နှစ်ယောက်တည်း။ဟာအိုနှလုံးခုန်မြန်လာသည်။တကယ်ပါပဲဟန်ဘင်းသူ့လက်ကိုကိုင်လိုက်တိုင်းရင်ခုန်ရသည်။ဟန်ဘင်းရှိနေရင်သူလုံခြုံတယ်လို့ခံစားရသည်။
ဟန်ဘင်းလက်ရုတ်တရက်စိုလာသလိုခံစားရတာမို့လို့
ဘေးကိုကြည့်လိုက်တော့ နဖူးမှာချွေးစလေးတွေထွက်ပြီး
လက်ကလည်းချွေးထွက်နေတာကိုသတိထားမိသည်။
ဟန်ဘင်းခပ်မြန်မြန်ပဲလျှောက်ပြီးလူအုပ်ကြားကနေထွက်လာရသည်။
_______________________________________ဒီနေ့က Boys Planet final ထုတ်လွှင့်ခဲ့တဲ့နေ့မို့လို့အပ်ပုဒိတ်လာပေးတာ။ မနှစ်တုန်းကတကယ်စိတ်လှုပ်ရှားနေခဲ့တာ
ကိုယ် pickထားတဲ့လူတွေမပါမှာစိုးရိမ်ရတာနဲ့။centerz ပါသွားလို့ပျော်ခဲ့ပေမဲ့ Keita နဲ့ Jeonghyeon မပါလို့၀မ်းနည်းနေခဲ့တာ တကယ်ပဲပျော်ရလိုလို၀မ်းနည်းရလိုလိုနဲ့
အတူတူdebutပေးလို့ကျေးဇူးတင်ပါတယ် စင်တာဂျစ်💙💗
YOU ARE READING
Once Again [BinHao]♡
Fiksi Penggemarအသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့တဲ့အချိန်ဟန်ဘင်းဆိုတဲ့လူသားလေးက ကျန်းဟောက့် အသက်ဆက်ရှင်ဖို့အကြောင်းပြချက်လေးတစ်ခုဖြစ်ခဲ့တယ်...