Unicode

111 26 14
                                    

မင်္ဂလာပွဲနဲ့ ဝေးနိုင်သမျှအဝေးဆုံးကို မိုင်ကုန်မောင်းနှင်လာတဲ့ ကားအနီလေးထဲမှာ သတို့သားချောချောလေးဟာ မေ့မျောလျက်...။ ကားနောက်ခန်းမှာမေ့မျောနေတဲ့ သတို့သားကို back mirror ကနေကြည့်ပြီး ကြိတ်ပြုံးနေတဲ့ ကားမောင်းနေသူ မိန်းကလေးကတော့ သတို့သမီးမဟုတ်ခဲ့ဘူး။ သတို့သားကို ပြန်ပေးဆွဲလာတဲ့တစ်ယောက်ပါ။

"မင်းပဲလား လီဟွာယောင်း"
မေ့နေရာမှ နိုးလာတဲ့ကောင်လေးဟာ ကားမောင်းနေတဲ့ကောင်မလေးကို ခပ်စူးစူးကြည့်ရင်း ပြောလာပုံက အရင်ကတစ်ခါမက ကြုံဖူးထားသလို...။

back mirrorကလှမ်းမြင်ရတဲ့ မျက်လုံးစူးစူးတွေရယ်၊ ဇွတ်မိုက်နေတဲ့ မျက်ခုံးက piercingနဲ့ lip piercing တွေ။ ဒီသတို့သားဟာ သြချလောက်စရာပဲ။

"ဒါပေါ့ ကျွန်မပါပဲ"

ခပ်ပြောင်ပြောင်လေး ပြောလိုက်တော့ ထိုလူကြီးက မကျေနပ်သွားပုံပဲ။ ချည်နှောင်ထားခြင်းမရှိတော့ လွတ်လပ်နေတဲ့လက်တွေဟာ ကားတံခါးကိုဖွင့်ဖို့ကြိုးစားလေရဲ့။

"လော့ချထားမှန်းလည်း သိသိကြီးနဲ့ ဘာတွေဖွင့်နေပြန်တာလဲ လူကြီး"
ရယ်သံသဲ့သဲ့ပြောရင်း တက်တူးအချို့ထိုးထားတဲ့ သူ့လက်ဖျံဆီကိုလည်း လှမ်းကြည့်မိလိုက်သေး။ လက်မောင်းရင်းအထိထိုးထားတဲ့ တက်တူးတွေအများကြီးမဆိုနဲ့၊ လက်ဖျံက တက်တူးတွေနဲ့တင် လူကိုအသက်ရှူမှားစေပြီ။ အဟမ်း....ကားလမ်းကိုပဲ ပြန်ကြည့်လိုက်တယ်။

"ဘယ်သူက ငွေပေးပြီးခိုင်းထားပြန်တာလဲ"
ဘယ်သူကမှ ခိုင်းထားတာမဟုတ်တာကို သူလည်းသိရဲ့သားနဲ့။

ပခုံးလေး ပင့်ပြလိုက်တယ်။

"ရော့ 792ဗူးမြောက်"
banana milkတစ်ဗူး ပစ်ပေးလိုက်တော့ သူက ဖမ်းယူလေတယ်။

"နောက်ထပ် ဘယ်လောက်ထိထပ်နှောင့်ယှက်နေဦးမှာလဲ လီဟွာယောင်း"
ခြေတစ်ဖက်ချိတ်ထိုင်ကာ ပေးလိုက်တဲ့ဗူးလေးကို ပိုက်လေးနဲ့ဖောက်သောက်ရင်း ခပ်တည်တည် ပြောလာတယ်။ ကိုယ်ပြုံးမိလိုက်သား။ လူကြီးလိုလိုနဲ့ တကယ်က ကလေးဖြစ်နေတာ။ အဲ့လူကြီးက ချစ်စရာကောင်းတယ်။

"နောက်2ပွဲအထိပါပဲ။ ပြီးရင်တော့ လူကြီးနဲ့ကျွန်မ မင်္ဂလာဆောင်တာပေါ့"

Groom-napping [Oneshot]Where stories live. Discover now