𝑪𝒉𝒂𝒑𝒕𝒆𝒓 1

148 11 0
                                    

Aesthetic ဆန်ဆန် မိုးပြာပြာအရောင်နုနုလေးတွေ ခြယ်မှုန်းထားတဲ့ Cafe ဆိုင်သေးသေးလေးမှာ လူအတော်အတန် ကျလို့နေပြီ။

"BLUEY"

နာမည်ခပ်ဆန်းဆန်း ဆိုင်းဘုတ်လေးက သစ်သားပြားလေး ပုံစံနဲ့ ဆိုင်အ၀င်၀မှာ ချိတ်လျက်သား။

အရမ်းကြီး မကျယ်လွန်းပေမယ့် သင့်တင့်ရုံ အနေအထားအပြင် ပတ်၀န်းကျင်ကပါ တိတ်ဆိတ်အေးချမ်းလေတော့ Thinking သမားတွေအတွက်တော့ အကြိုက်ဖြစ်စေမှာ အသေအချာ။

Cheese Cake နာမည်ကြီးတယ်ဆိုတဲ့ ဒီဆိုင်လေးက ချစ်သူရည်းစားတို့အတွက် Paradise တစ်ခုပါပဲ။

Cheese Cake အပြင် ရနိုင်တာကတော့ Coffee ခါးခါး Expresso, Cappuccino, Americano, Latte တဲ့ အခြား အရသာရှိသော Cake တစ်ချို့လည်း ရနိုင်သည်။

အနည်းငယ်သော Menu ပေမယ့် အရသာကတော့ အထင်ကြီးလောက်ပုံရသည်။

နွေနေပူပူမှာ ရင်အေးစေဖို့ Smoothie ပါ တစ်ဆက်တည်း ရနိုင်လေ၏

ထို့ကြောင့်လည်းပဲ Couple တွေကော အီစီအီစီတွေကော Blind Date တွေကော ဒီဆိုင်မှာ လူတော်တော်စုံသည်ပြောရမည်။

သို့ပေသိ ကမ္ဘာ့အပူလောင်ဆုံး အချစ်ကိုတော့ "BLUEY" ရဲ့ Smoothie တွေကလည်း ကူညီဆောင်ရွက် မပေးနိုင်သည်ပဲ။

ဆိုင်အရှေ့က Car Parking မှာ ထိုးရပ်လာတဲ့ audi quattro 1980 လောက်က Design ပုံစံ ကားတစ်စီးက အရှိန်မပါပဲ ဘီးလိမ့်ရုံသာသာ။

Classic ဆန်ဆန် ထိုကားပေါ်က ဆင်းသက်လာတဲ့ ခြေထောက်တစ်ဖက်နှင့်တင် ထိုလူ၏ ပုံစံကို တွေးကြည့်ရနိုင်နေပါပြီ။

Nike တံဆိပ်က ထင်းနေတဲ့ Sneaker က အနက်ရောင်အပြင် သာမာန်လူတွေလို ကြိုးတွေရှုပ်ထွေးမနေပဲ အသေအချာအချိန်ပေး ချည်ထားပုံ သိသာနေသည်။

Baggy jean ပွပွ အညိုရောင်ကို Racer Jacket နဲ့ မလိုက်မဖက်တွဲ၀တ်ထားသော်ငြား ထိုသူ၏ ဥပဓိရုပ်ကြောင့် တင့်တယ်နေ၏

Undercut ဆံသားနက်နက်ဟာ ဖြောင့်စင်းနေပြီး အသေအချာပုံသွင်းခံရ၍ နဖူးပြင်ထက် အနည်းငယ်သာ ဝေ့ဝဲကျနေသည်။

ကားတံခါးကို အသံမြည်အောင် ပိတ်လိုက်ကာ လက်ထဲက နေကာမျက်မှန်ကို ဟန်ပါပါ မာန်ပါပါ တတ်လိုက်ပြီး နဖူးထက်က ဆံသားအချို့ကို လက်ဖြင့်သပ်လိုက်ကာ လျှာတစ်ချက်သပ်လိုက်သော ပုံရိပ်ဟာ ဆယ်ခါပြန် အကြည့်မလွှဲနိုင်စရာ။

𝟏𝟎 𝙈𝒊𝙣𝒖𝙩𝒆𝙨 Where stories live. Discover now