သူကတော့ ဟုန်းဆွန်းဟန်
မိန်းကလေးတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ Attractive Boy။ Restaurant တွေပိုင်တဲ့ မိသားစုရဲ့ အမွေဆက်ခံသူလေးမို့ သူ့အတွက်က ပိုက်ဆံရှားမနေ။
မိဘရဲ့ အလုပ်ကိုလည်း သူစိတ်ပါမနေ။
အခု သူစိတ်ပါ၀င်စားစွာ လုပ်နေသော အလုပ်ကတော့ 10 minutes နဲ့ ဆွဲဆောင်ပြီး ဖျက်စီးခြင်းပင်။တစ်ချို့ တစ်ချို့သော မိန်းကလေးတွေက အရမ်းသည်းခံချစ်ပြတတ်သူထက် Red Flag Guy တွေကိုသာ ပိုသဘောကျတတ်ကြသည်မို့လား။ သူအမြင်ကပ်သော မိန်းကလေး အမျိုးအစားပင်။ အနားက ပြည့်စုံနေကြသော ယောကျာ်းသားများကို မကြည့်တတ်ပဲ လှမ်းလှမ်းမှ သူတို့အား စိတ်ဒုက္ခပေးမည့်သူများကိုသာ ရှာဖွေတတ်ကြလေသည်။
အခုလည်း ဆောင်းဟာယွန်းဟုခေါ်သော ပန်းရောင်လွလွ မိန်းကလေးကို တစ်ဖက်သက် သဘောကျနေသူ သူမ၏ ငယ်သူငယ်ချင်းဆိုသူ၏ အလုပ်ကို လက်ခံထားခြင်းပါ။
ငယ်သူငယ်ချင်းရဲ့ အဖြည့်ခံ အရိပ်တစ်ကြည့်ကြည့်အချစ်ကို လျစ်လျူရှူကာ သူမသဘောကျရာကိုပဲ ရွေးချယ်သွားတဲ့ ဉာဏ်လေးကို မကျေနပ်ပုံရတဲ့ ထိုငယ်သူငယ်ချင်း၏ ပူပန်မှုပင်။ သို့ရာလည်း ဟုန်းဆွန်းဟန် နှင့်တွေ့ပါက အားလုံးအဆင်ပြေသွားရမှာဖြစ်ပြီး အခုလည်း ထင်ထားသလို 10 minutes နှင့်ပင် ကိစ္စအားလုံးချော့မွေ့ခဲ့ပြီးပဲ ဖြစ်၏
အမှန်ဆိုရလျှင် ဟုန်းဆွန်းဟန် သုံးသွားတဲ့ အကွက်လေးတွေက သာမာန်ဆန်လွန်းလှပြီး ခန့်မှန်းလို့ရအောင် ရိုးရှင်းလှသော်ငြား သူ၏ ညှို့အားပြင်းသော ဥပဓိရုပ်နှင့် ယှဉ်တွဲလိုက်ရာမှာတော့ မည်သူတစ်ဦးတစ်ယောက်မှ ငြင်းဆန်နိုင်ခြင်း မရှိချေသည့် လှည့်ကွက်များ အဖြစ်သို့ အသွင်ကူးပြောင်းသွားလေသည်။
"ကဲ 10 minutes သခင်ကြီး လာပါပြီဗျာ........"
"ဘုတ်"
သူ့အား မြင်သည်နှင့် ပါးစပ်က အသံအကျယ်ကြီးထွက်လာသော အီဒုံမင်းကို လက်ထဲက စာအုပ်လွယ်အိတ်ဖြင့် ကောက်ပေါက်လိုက်တော့ ဆဲသံအုပ်အုပ်ထွက်လာ၏
"ရော့ ကျောင်းသွားတာကို စာအုပ်မေ့တဲ့အကောင် အသက်ကငယ်ငယ်လေး ရှိသေးတယ် ဘရိန်းကချောင်နေပြီ"
YOU ARE READING
𝟏𝟎 𝙈𝒊𝙣𝒖𝙩𝒆𝙨
Fanfic𝑰𝒕 𝒐𝒏𝒍𝒚 𝒕𝒂𝒌𝒆𝒔 𝒕𝒆𝒏 𝒎𝒊𝒏𝒖𝒕𝒆𝒔 𝒇𝒐𝒓 𝒉𝒊𝒎 𝒕𝒐 𝒇𝒂𝒍𝒍 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝒑𝒆𝒐𝒑𝒍𝒆, 𝒕𝒐 𝒄𝒂𝒑𝒕𝒖𝒓𝒆 𝒕𝒉𝒆𝒊𝒓 𝒉𝒆𝒂𝒓𝒕𝒔, 𝒕𝒐 𝒅𝒆𝒔𝒕𝒓𝒐𝒚 𝒕𝒉𝒆𝒊𝒓 𝒍𝒐𝒗𝒆𝒔.