" ပတ်ဂျုံဆောင်းက အလကား အာပေတူးလေးပါကွာ "
" အဲ့ အာပေတူးလေးကပဲ မင်းကိုငြင်းလိုက်တာ မဟုတ်လား "
" ... "
" ရုပ်ချောချောကြီးနဲ့ ငုတ်တုတ်မေ့မနေနဲ့။ ဟိုက ပြန်မကြိုက်မှန်း သိရက်နဲ့ သူများ သားသမီးကို အလကား အနှောင့်အယှက် လိုက်ပေးနေတာ။ ငါ့ဖြင့် မျက်နှာပူလို့ သေတော့မယ်။ တစ်နေ့တစ်နေ့ သူနဲ့ တစ်ခန်းထဲ အိပ်နေရတာတောင် စိတ်မလုံတော့ဘူး "
အုခနဲ ငြိမ်ကျသွားတဲ့ ဆောင်းဟွန်းက ဂျယ်ယွန်းရဲ့ ဆုံးမ စကားရှည်ကြီးကို အာရုံမစိုက်နိုင်တော့ဘူး။ စကြာဝဠာ တစ်ခုလုံးမှာ အမှန်ဆုံးနဲ့ အခါးသက်ဆုံး စကားကို ကြားလိုက်ရတာမို့ ရုတ်တရက်ကြီး နေလို့ မကောင်းတော့ဘူး။
ပတ်ဂျုံဆောင်းက သူ့ကို ပြန်မကြိုက်ပါဘူးဆိုတဲ့ အချက်က ဘယ်လောက်ပဲ မှန်နေပါစေဦး။ ဘယ်လိုမှ လက်ခံချင်စရာ မကောင်းဘူးလေ။ စဉ်းစားကြည့်ပါဦး။ ပတ်ဂျုံဆောင်းက သူ့ကို ငြင်းတယ်တဲ့။ ပတ်ဂျုံဆောင်းလို အာလူးလေးက ... သူ့လို campus တစ်ခုလုံးရဲ့ အသဲကျော် ပဲလှော် မင်းသားလေးကိုလေ။ မယုံနိုင်ကြဘူး မလား။ ပတ်ဆောင်းဟွန်း ကိုယ်တိုင်လည်း ဘယ်လိုမှ မယုံနိုင်ဘူး။ ပတ်ဆောင်းဟွန်းက အငြင်းခံရတယ် ဆိုတာ ဖြစ်နိုင်ခြေ ၀.၀၀၀၁ ရာခိုင်နှုန်းလေးတောင် မရှိနေတဲ့ ယုတ္တိ မတန်ဆုံး ကိစ္စပဲလေ။ အလွန်တရာမှ ထူးခြားဆန်းပြားလွန်းလို့ စကြာဝဠာကြီးမှာ ဒီ့ထက် ထူးဆန်းတဲ့ အဖြစ်အပျက်ဆိုတာ ရှိမှာတောင် မဟုတ်တော့ဘူး။
- I see forever in your eyes -
" အဟမ်း ... ဒီပြောင်းဖူးတွေ မင်းပဲစားလိုက်။ ငါက မကြိုက်တော့ ပစ်ရမှာ နှမြောလို့ "
" ကျေးဇူးတင်ပေမယ့် မစားတော့ပါဘူး။ ငါ အစာမကြေဖြစ်နေလို့ "
" ဘာ .. "
မျှော်လင့်ထားတဲ့ အဖြေကို မကြားလိုက်ရတော့ ဆောင်းဟွန်းပါးစပ်ကနေ အာမေဋိတ်သံ အကျယ်ကြီး ထွက်သွားတယ်။ အသံက ဘယ်လောက်ကျယ်လဲ မကျယ်လဲဆို ကန်တင်းတစ်ခုလုံးက ခေါင်းတွေအကုန် သူ့ဆီ လှည့်လာတဲ့ အထိပဲ။ မဟုတ်သေးပါဘူး။ ဒီပြောင်းဖူးတွေက နှယ်နှယ်ရရမှ မဟုတ်တာ။ ဒီအာလူးလေးက ဘာသိလို့ လက်လွတ်စပယ် ငြင်းရတာလဲ။ လူတိုင်း စားခွင့်ရတဲ့ သာမန် ညောင်ည ပြောင်ဖူးတွေများ ထင်နေသလား။
YOU ARE READING
I see forever in your eyes ✓
FanfictionI see forever in your eyes I feel okay when I see you smile ... [ Written in Burmese ] Fundraising fanfic for Jongseong's birthday donation