𝑪𝒉𝒂𝒑𝒕𝒆𝒓 3

72 9 0
                                    

Luxury ဆန်ဆန် High Class တွေ အတွက် ရည်ရွယ်တဲ့ Ulsanရဲ့ နာမည်ကြီးအစားအစာတွေကို Seoul မှာ တစ်နေရာတည်း စုပြုံရရှိနိုင်သည့်နေရာ။

Korean လူမျိုးတိုင်းရဲ့ အကြိုက် နာမည်ကြီး Ulsanရဲ့ Gyeongbokgun အမဲသား။ High-class dishes လို့ ပြောရလောက်တဲ့အထိ ဈေးမြင့်တဲ့ အမဲသား။

ရောက်ရောက်ချင်း ဂိုအွန်းကို မြင်တာနဲ့ ကောင်တာက မိန်းကလေးက သူတို့ကို VIP Room ဆီသို့ ခေါ်သွားလေတယ်။ ဆွန်းဟန်ကတော့ သာမာန်မျက်နှာထား ဖြစ်နေပေမယ့် ဒုံမင်းစိတ်ထဲမှာတော့ အပြင်ဘက်က View လှလှလေးနဲ့ Decoration ကောင်းကောင်းလုပ်ထားတဲ့ ဆိုင်ရှေ့အပြင်အဆင်ကို သဘောတကျ နှမြောတသပင်ဖြစ်နေသေးသည်။ Aircon လေအေးအေးကြီးနဲ့ အလုံပိတ်အခန်းနေချင်မှတော့ သူ့အိမ်က အခန်းပဲ တံခါးပိတ် နေတော့မှာပေါ့။

"မမလေးကို သွားခေါ်ပေးပါ့မယ် သုံးဆောင်ချင်တာများ ရှိရင် ခေါင်းလောင်းလေးကို တီးလိုက်ပါ"

အရှေ့က စားပွဲပေါ်က ရှေးကျကျ ခေါင်းလောင်းလှလှကို မြင်တော့ ဒုံမင်းက ခပ်တည်တည်ပဲ သွားတီးလိုက်တော့ ဆွန်းဟန်ရဲ့ Bombastic side-eye နှင့် ကြည့်ခြင်း ခံလိုက်ရသည်။

"Eonyang Giwa Bolgogi အင်း....... Manjok နောက်ပြီးတော့...."

"တော်တော့ Hamyanggjip ရယ် Steak ရယ် အမဲသားက Gyeongbokgunပဲမလား"

လက်ထဲက Menu ဆွဲလုခံလိုက်ရလို့ ဒုံမင်းက ဂိုအွန်းကို မကြည်ကြည့် ကြည့်လေ၏

"ဟုတ်ပါတယ် ဒီဆိုင်မှာ Gyeongbokgun အမဲသားတစ်မျိုးတည်းကိုသာ သီးသန့်အသုံးပြုတာပါ"

"ဆွန်းဟန် နင်ကော ဘာစားမလဲ"

" Steak ပဲ တော်ပြီ နင်လည်း စားဖို့လာတာလား ဂိုအွန်း    Bar သွားမယ်ဆိုပြီး ဘာဖြစ်ရပြန်တာ"

Waitress လေး ထွက်သွားပြီးနောက်မှ ဂိုအွန်းက ဆွန်းဟန်ကို စိတ်ကုန်ဟန် ကြည့်လေသည်။

"ဒုံမင်း ဘာသောက်မလဲ"

"Malbec wine လေးဖြစ်ဖြစ် Cabernet...."

"ဒီကို ဘာလာလုပ်တယ်ထင်နေတာလဲ မသောက်နဲ့ အရေးကြီးတာရှိပါတယ်ဆို ငါနင်တို့ဆီက အကြံယူရဦးမှာ"

ဒုံမင်း၏ စကားမဆုံးသေး တစ်ဗျစ်တောက်တောက်ပြောလာ၍ ဆွန်းဂန်နှင့် ဒုံမင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံးတို့ကို လှည့်လိုက်ကြသည်။

𝟏𝟎 𝙈𝒊𝙣𝒖𝙩𝒆𝙨 Where stories live. Discover now