ကြယ်စင်ဝေတစ်ယောက် ကိုးရီးယားတွင်ရှိသော သူမ၏သူငယ်ချင်းဂင်ဂျီဟိုမင်္ဂလာဆောင်ဖိတ်ထားသောကြောင်ကိုးရီးယားသို့ရောက်လာခဲ့သည်။ဂင်ဂျီဟို၏မင်္ဂလာဆောင်ပွဲလဲတက်ရင်းအပန်းလဲဖြေရန်လာခဲ့ခြင်းဖြစ်သည်။သူမကို ဂင်ဂျီဟိုနှင့်ကလပ်ရှယ်ယာဝင်ထားသော သူငယ်ချင်းများက ကလပ်တွင်ဝင်ဦးစီးဦးဆောင်လုပ်ရန် သူမကိုပြောလာခဲ့ကြသည်။ ကိုးရီးယားကိုအပန်းဖြေရန် လာခဲ့သော ကြယ်စင်ဝေတစ်ယောက် ဘယ်လိုလုပ်ရမလဲမသိဖြစ်နေ၏။ ကြယ်စင်ဝေက " ဂျီဟို နင်က လဲ တစ်ခြားတစ်ယောက်ကိုလုပ်ခိုင်းလိုက်လေ ငါကို အဲဒီကလပ်ကို ဘာလို့ဦးစီးဦးဆောင်လုပ်ခိုင်းရတာလဲ။ " ဟုပြောလိုက်သည်။ဂင်ဂျီဟိုတစ်ယောက် " ဘာလို့လဲ အကူညီတောင်းပါတယ် ငါနဲ့ကိုကိုက Honey moon သွားရမှာ တစ်လလောက်တော့ကြာမယ်။ " ဟုပြောလိုက်သည်။
ကြယ်စင်ဝေတစ်ယောက်ထိုစကားကို ကြားမှသာ " ရတယ်လေ ကိစ္စမရှိပါဘူး။ တစ်လဘဲကြာမှာလား " ဟုပြောလိုက်သည်။ ဂင်ဂျီဟိုက " ဟုတ်တယ် လေ ငါနင်ကို မနက်ကျရင် ကလပ်ကို ခေါ်သွားပေးမယ်။ " ဟုပြောလိုက်သည်။ " အင်း " ဟုကြယ်စင်ဝေပြောလိုက်သည်။ ကြယ်စင်ဝေတစ်ယောက်သူမ၏ တည်းခိုနေသော ဟိုတယ်သို့ပြန်လာခဲ့သည်။ သူမ၏ သူငယ်ချင်း ဂင်ဂျီဟိုတစ်ယောက် ယောက်ျားဖြစ်သူနှင့် အတူ Honey moon သွားမည်ဖြစ်သည်။ ဂင်ဂျီဟိုက သူမနှင့်အတူအမေရိကန်တွင် ကျောင်းတက်ခဲ့ကြသည်။ ကြယ်စင်ဝေတစ်ယောက် ဟိုတယ်တွင်နေရတာ တစ်ပတ်လောက်ရှိသည်။
သူမကဟိုတယ်တွင်နေရသည်ကိုသိပ်သဘောမကျပေ။သူမသည် လွတ်လွတ်လပ်လပ် နေတက်သူဖြစ်သည်။သို့သော် အကူအညီလိုအပ်သူကိုလဲ အကူအညီပေးတက်သည်။ကြယ်စင်ဝေသည် ဘက်မလိုက်တက်သည့်အပြင် ပြတ်ပြတ်သားသား နေတက်ပြီး အနေအေးသည်။သူမတည်းသောဟိုတယ်သို့ ရောက်သောအခါ သူမအထုတ်အပိုးများကိုပြင်လိုက်သည်။မနက်ဖြန်တွင် သူမ၏ဝယ်ထားသော အိမ်သို့သွားနေရန် ဆုံးဖြတ်လိုက်သည်။ကြယ်စင်ဝေတစ်ယောက် သူမ၏အခန်းခရှင်းရန် reception သို့ရောက်လာခဲ့သည်။
" ဧည့်သည် ဘာများ အလိုရှိပါသလဲ " receptionမှ မိန်းမလှလေး တစ်ဦးကမေးလာခဲ့သည်။ " ဪ ဟုတ်ကဲ့ကျွန်မအခန်းလေးပြန်အပ်ချင်လို့ပါ ဒီမှာ အခန်းခရှင်းချင်လို့ပါ။ ဝန်ဆောင်မှုကောင်းကောင်းပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ " ဟုပြောလိုက်သည်။ကြယ်စင်ဝေတစ်ယောက် သူမဝယ်ထားသည့် အိမ်သို့ပြောင်းနေရန်ဆုံးဖြတ်လိုက်သည်။ကြယ်စင်ဝေဘေးနားသို့ ရွှေအိုရောင်ဆိုးထားသော အသားဖြူဖြူ အရပ်၆ပေခန့်ရှည်သော Maskအမဲတပ်ထားသော အမျိုးသားတစ်ယောက်ရပ်နေခဲ့သည်။ကြယ်စင်ဝေကတော့ သူမဘေးသို့ ယောင်္ကျားလေးတစ်ယောက် ရပ်နေသည်ကိုအထူးတလည်ဂရုမစိုက်တက်ပေ။ ကြယ်စင်ဝေသည် သူမ၏အထုတ်အပိုးများကို ယူရန်သူမ၏ အခန်းထဲသို့ပြန်လာခဲ့သည်။
YOU ARE READING
တေးသံသာများကြားက ကျွန်မချစ်သူ
Storie d'amoreသူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကိုသွားရင်း ဟိုတယ်ကိုအထုတ်အပိုးယူရနါအပြန်တွင်ကောင်လေးတစ်ယောက်ကိုဝင်တိုက်ခဲ့သည်။ထိုကောင်လေးသည် ကြယ်စင်ဝေအရမ်းနှစ်သက်သည် Your Boy အဖွဲ့ဝင် Nick ဖြစ်သည်။ Nickတွေ့ဆုံခဲ့ပြီ သူတို့ကြားက ဖြစ်ပေါ်လာတဲ့ သူငယ်ချင်းသံယောဇဉ်ကနေ ချစ်ခြ...