"ဟူး..."ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့သက်ပြင်းကိုချလိုက်ပြီး သူ့အရှေ့ကစတော်ဘယ်ရီသီးလေးတွေကို တစ်လုံးပြီးတစ်လုံးကောက်ဝါးကာ မလှမ်းမကမ်းက ကွန်ပျူတာရှေ့ထိုင်နေတဲ့သူအား မျက်စောင်းထိုးဖို့ကိုလဲ DoYoungမမေ့။
ထိုသူကတော့ ဂိမ်းနဲ့ပတ်သက်လာရင် ထမင်းမေ့၊ဟင်းမေ့ဖြစ်တဲ့အပြင် ချစ်သူဖြစ်တဲ့DoYoungကိုပါသတိမရတော့တဲ့ DoYoungရဲ့နှစ်ယောက်မရှိတဲ့ချစ်ရသူ So JungHwan ပင်ဖြစ်သည်။
DoYoungရယ် Hwanရယ်က တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားတွေဖြစ်ပြီး ချစ်သူသက်တမ်း ၃နှစ်ကျော်နေပြီဖြစ်သည်။
တက္ကသိုလ်စစတက်ချင်းသူငယ်ချင်းဖြစ်ခဲ့ပြီး မကြာခင်မှာပဲ Hwanကဖွင့်ပြောလာတာနဲ့ ကိုယ်တိုင်ကလဲသဘောကျနေခဲ့တာကြောင့်လက်ခံဖြစ်ခဲ့ကာ ခုထိလက်တွဲထားဆဲ။အမြဲအလိုလိုက်ကာ DoYoungမျက်နှာတစ်ချက်မညိုးစေရအောင်ထားတဲ့ Hwanက အခုများတော့ဖြင့် ၂ပတ်လောက်နီးပါး သူ့(JH) Game PCကြီးနဲ့ညားနေသလားမှတ်ရအောင်ကို PCရှေ့ကပ်နေတော့ကာ DoYoungကိုပင်တစ်ချက်မကြည့်သည်အထိ။
အစကတော့ DoYoungဘာမှမပြောလိုခဲ့...ဘာလို့ဆို Final examအတွက်စာအသေကုန်းလုပ်ခဲ့ကြရတာမို့ စာမေးပွဲအပြီးကစ PCရှေ့ရောက်သွားတဲ့Hwan ကို သူလဲမဆော့တာကြာနေတော့ ဆော့ပါစေလေဆိုပြီး လွှတ်ပေးခဲ့မိတာ။
အခုလောက်ကြီး လူကိုပလစ်လာတာကျ DoYoungသည်းမခံနိုင်တော့။စားဖို့သောက်ဖို့ကအစ သူ(JH)ဂိမ်းဆော့နေတဲ့ဆီပို့ပေးရတာ.. မဟုတ်ရင် စားဖို့သောက်ဖို့ပါသတိမရတဲ့အပြင် ခနတဖြုတ်လေးနားပြီး အပေါ့အပါးသွား၊ရေမိုးချိုးဖို့ကိုပါ မနည်းနားချယူရတဲ့အထိကိုဖြစ်နေတော့တာပင်။
အခုလဲ ကြည့်...သူနဲ့အတူဂိမ်းဆော့တဲ့ကောင်တွေနဲ့ ပြောလားဆိုလားနဲ့ဆူညံနေရောပဲ။
DoYoungနာရီကြည့်မိတော့ အိပ်ချိန်ရောက်နေပြီမို့ ဒီထက်နောက်မကျခင် အိပ်ဖို့အတွက် Hwanကိုလှမ်းခေါ်လိုက်သည်။"Hwan ရေ..."
"ပြောလေ...Babe"ပြန်သာထူးလာတာ မျက်လုံးက ကွန်ပျူတာscreenကမခွာသလို လက်ကလဲတောက်လျှောက်မနားတမ်းနှိပ်နေတာ။
YOU ARE READING
Me or Not ?(DoHwan/HwanYoung Version)
FanfictionJust my imagination! So.don't blame my idols(Burmese not english)