အပိုင်း 14
ခြံထဲမှာ နွေရိပ်တို့လေးယောက် လေညှင်းခံရင်း လက်ဖက်သုပ်စားနေကြလေသည်။
ညအချိန်ဖြစ်လို့ ပတ်ဝန်းကျင်က တိတ်ဆိတ်လို့နေသည်။
လမင်းကြီးကလည်း ထိန်ထိန်သာနေသည်။
လရဲ့အလင်းရောင်က ဖြာကျလို့နေပြီး
ခြံထဲက ပန်းကလေးတွေအနံ့ကလည်း သင်းပျံ့လို့နေသည်။
စံပယ်ရနံ့၊ ဇီဇဝါရနံ့ စတဲ့ ပန်းရနံ့တွေက ညရဲ့ အလှကို ပိုလို့ပြည့်စုံစေသည်။"မမနွေ...မင်းငယ် ငယ်ငယ်ကလေ လ ခဏခဏ လှုံတယ်သိလား"
မင်းငယ် ခြံထဲမှာ ဖေဖေနဲ့ လခဏခဏလှုံခဲ့တာ သတိရမိသည်။
လလှုံရင် အသားဖွေးတယ်ဆိုပြီး ဘေးအိမ်က အဒေါ်ကြီးရဲ့စကားကြောင့် မင်းငယ် ညတိုင်းလိုလို လလှုံသည်။
ကလေးဘဝအမှတ်တရလေးတွေက မင်းငယ်အား ကြည်နူးစေသည်။"မင်းငယ်...လမင်းကြီးက လှလိုက်တာနော်...သူ့ရဲ့ဘေးမာ ကြယ်ကလေးတွေကလည်းလှလိုက်တာ...ကောင်းကင်ပြင်ကြီးက တကယ်သဘောကျစရာပဲ"
"အဟမ်း အဟမ်း...ဘေးမာ ငါတို့ ရှိနေတာလည်း သိကြပါဦး...နှစ်ယောက် တစ်ကမ္ဘာထင်နေကြ...ဟွန်းနော် ဟွန်း"
မိုးသက် စကားကြောင့် မင်းငယ်နဲ့နွေရိပ် ရယ်လိုက်သည်။
"မကြီးမိုးသက်...မကြီးကို မေးစရာရှိသေး...ရှုမဝကို မကြီးကြောက်ရလားဟင်"
"အာ...ဘာစကားကြီးလဲ...ဟီး...ကြောက်ရတယ်..သူကလည်း နွေရိပ်လိုပဲ...မထင်ရင်မထင်သလို မကြီးကိုတွယ်တယ်"
စကားအဆုံး ချစ်ရသူကို ကြည့်လိုက်တော့ သူ့အား မကြည်ကြည့် ကြည့်နေလေသည်။
"မ...မ အပြစ်မရှိဘဲ ကျနော် အပြစ်မပေးဘူး...မ မဟုတ်တာလုပ်တာတွေလည်း ထည့်ပြောဦး"
"ဟီး"
မင်းငယ်တို့ စကားပြောနေစဉ်မှာပင် မေမေက အနားကိုရောက်လို့လာသည်။
"ကလေးတွေ မအိပ်ကြသေးဘူးလား...မနက် လူငယ်စကားဝိုင်းသွားကြမာဆို အိပ်ကြတော့လေ"
"ဟုတ်မေမေ...သမီးတို့ အိပ်တော့မာ...မေမေရော အိပ်တော့လေ"
အိပ်ခန်းထဲသို့ ရောက်သော် မင်းငယ်က သူ့ရဲ့ပါးကို နမ်းလေသည်။
YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Romanceမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။