နွေဦးအကြိုပြိုင်ပွဲ ဒုတိယရက် ။
ချန်း ဖုန်းကို လက်ဆွဲအိတ်ထဲ ပြန်ထည့်လိုက်ပြီး အဖွဲ့ရှိရာ ကွင်းထဲသို့ မသွားမီ မမရှိမည်ထင်ရသော ပွဲကြည့်စင်ကို တစ်ချက်လှည့်ငေးလိုက်သည် ။ မနေ့ကလိုမျိုး မမ ရှိမနေပါ ။ ပွဲချိန်စဖို့ မိနစ်အနည်းငယ်သာ လိုတော့တာကြောင့် ချန်း မမရောက်မလာသေးခြင်းကို ကြာကြာ မတွေးနိုင်တော့ဘဲ ကွင်းထဲသို့ ဝင်လာခဲ့ရသည် ။
"ချန်း ဒီနားလာခဲ့ဦး ။ ဆမ် ပြောစရာရှိတယ်"
ဆမ်က လက်ပြကာ သူ့အနားလာခဲ့ဖို့ ခေါ်သဖြင့် ချန်း ဆမ့်အနားသို့ ခပ်မြန်မြန်ပြေးသွားလိုက်သည် ။ ဆမ့်ဘေးနားတွင် လီဆာတို့လည်း ရှိပြီး အားလုံးက ချန်းကို ကြည့်နေကြသဖြင့် ချန်း နေရခက်လာလေသည် ။
"ဆမ်~ဘာဖြစ်လို့လဲ"
"မနေ့က ဆမ် သူတို့အဖွဲ့ကစားတာ ကြည့်ထားတဲ့ပုံအရ သူတို့က ဘလော့အားကောင်းတယ် ချန်း ။ သူတို့ဘက်မှာ ၁၇၀စင်တီရှိတဲ့ တစ်ယောက်ရှိတယ် ။ တွေ့လား ၊ သူက အဖွဲ့ရဲ့ ဘလော့ကာပဲ ။ မနေ့ကပွဲမှာ သူတို့အမှတ်ရဲ့ သုံးပုံတစ်ပုံက ဘလော့လုပ်တာကနေ ယူသွားတာ ။ အဲဒီတော့ ချန်းတို့ spike လုပ်မဲ့ ကစားသမားတွေအနေနဲ့ ထောင့်ဖြတ်ရိုက်ရင်ရိုက် ၊ မရိုက်ရင် မြင့်မြင့်ခုန် ၊ နောက်ထပ် အခွင့်အရေး လိုချင်သေးတယ်ဆိုရင်တော့ ဘောလုံးကို rebound ဖြစ်အောင် ပြန်လုပ်လိုက်ပေါ့ ။ ဒါပဲ ရှိမှာပဲ"
ဆမ့်စကားကို ချန်း နားလည်ပါသည် ။ ထောင့်ဖြတ်ရိုက်ဖို့ရာဆိုတာက ဘောလုံးကို ထောင့်အနေအထားမှန်မှန်ဖြင့် ရိုက်ချတတ်မှ ရမည် ။ မဟုတ်ရင် ဘောလုံးဟာ out ဖြစ်သွားနိုင်သည် ။ ဘောလုံးကို rebound ပြန်လုပ်ဖို့ဆိုတာကလည်း နောက်က ထိန်းသည့်သူကောင်းမှ ရမည် ။ အဖွဲ့ကို မယုံကြည်တာမဟုတ်သော်ငြား ချန်းတို့တွင် အရှိန်ဖြင့် ပြန်ကန်ထွက်လာမည့် ဘောလုံးကို ကောင်းကောင်းထိန်းနိုင်မည့်လူဆို၍ တစ်ယောက်မှ မရှိချေ ။ အမြင့်ခုန်ရာတွင်လည်း အဖွဲ့ထဲတွင် အရပ်အမြင့်ဆုံးဆိုသည့် ချန်းတောင် ၂၈၀ ပတ်ဝန်းကျင်ထက် ပိုခုန်ဖို့ မဖြစ်နိုင်သေး ။ အဘယ်ကြောင့်ဆိုသော် အခုထိ ချန်းစိတ်တို့၏ မူပိုင်ရှင်မမလေးဟာ ရောက်မလာသေးပါလေ ။ ထို့ကြောင့် ချန်းသည် မစခင်ကတည်းကပင် အားကုန်ချင်နေပြီ ဖြစ်၏ ။
YOU ARE READING
မမ
Fanfictionမမ ၊ သီချင်းလေးတွေကို ချစ်တတ်သလား ။ မမ ၊ ပန်းကလေးတွေ ပျိုးတတ်သလား ။ မမ မမ ၊ မမ မောင့်ကို ချစ်သလား ။