Hong group ရဲ့ CEO ဟုန်းဂျီဆူးတို့ လွမ်းနာကျနေပြီဖြစ်သည်။
သူ့အမျိုးသားလေးဟာ shooting တစ်ခုအတွက် ခရီး ထွက်သွားလေရာ သူနဲ့အဆက်မသွယ်မရတာ သုံးရက်ရှိလေပြီ။ ပေါက်စရဲ့မန်နေဂျာကနေသာ ကလေးရဲ့တစ်နေ့တာကို သိနေရတာဖြစ်ပြီး ကလေးဆီကို တိုက်ရိုက်ဆက်သွယ်ဖို့သတ္တိမရှိချေ။ ထိုကလေးပါးစပ်က ထွက်လာမည့် ရင့်ရင့်သီးသီးစကားတွေကို သူ့နှလုံးသားက နောက်တစ်ခါထပ်ပြီး ခံစားနိုင်လိမ့်မည်မဟုတ်ပါ။ ဖြစ်နိုင်ရင် ကလေးဆီကို လူကိုယ်တိုင်လိုက်သွားချင်ပေမယ့် အဲ့ဒီလိုလုပ်လိုက်ရင် ကလေးပိုပြီးစိတ်ဆိုးမှာကိုသူသိသည်။ အဲ့ဒါကြောင့် ကလေးအဆင်ပြေနေတယ်ဆိုတဲ့အသိနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်နိုင်အောင် ကြိုးစားပြီးနေထိုင်နေရ၏။
ထိုကလေးဟာ သူ့ရဲ့အရာရာမှာ ကိုယ့်ကိုမလိုအပ်တော့ပြီမဟုတ်လား။
ပြဿနာရဲ့အစ_
"ကိုကို"
"ဗျာ...ပြောလေ Honey"
"နောက်နှစ်ရက်လောက်နေရင် ဂျယ်ဂျူကျွန်းဘက်ကို shooting သွားရိုက်ဖို့ရှိတယ်"
"ဟုတ်လား...ရုတ်တရက်ကြီး"
"schedule က အဲ့လိုပဲဖြစ်သွားတယ် ကိုကိုရယ်"
"ကိုယ့်ကလေးလေး ပင်ပန်းနေပြီလား"
"ပင်ပန်းပေမယ့်လည်း ကျွန်တော်ဝါသနာပါလွန်းလို့ အတိုက်အခံလုပ်ပြီး ရွေးချယ်ခဲ့ရတဲ့လမ်းကြောင်းမလား၊ အဆုံးထိဆက်လျှောက်ရမှာပေါ့"
"ဟုန်းဆော့မင်လေးတို့က အများကြီးရင့်ကျက်လာပြီပဲ၊
ကိုယ်နဲ့စတွေ့တုန်းက အမှားလုပ်မိပြီးအဆူခံရလို့
လှေကားမှာ ထိုင်ငိုနေတဲ့ ဆယ့်ကိုးနှစ်သားလေး မဟုတ်တော့ပါလား""ကိုကိုနော်...ကျွန်တော့်အသက် 26 ထဲရောက်နေပြီ၊ ကိုကိုနဲ့တွေ့ခါစက ဆယ်ကျော်သက်လေးလို့ထင်နေတာတော့ မဟုတ်ဘူးမလား"
"ဒါပေမယ့် မင်းက ကိုယ့်ထက် ငါးနှစ်တောင်ငယ်တာလေ ကလေးရယ်၊ ကိုကို့မျက်လုံးထဲမင်းကို လူကြီးလေးလို့ ဘယ်လိုမြင်ရမလဲ"
ရင်ဘတ်ပေါ် ဝမ်းလျားလာမှောက်ပြီးချွဲနေတဲ့ကလေးရဲ့မျက်နှာလေးကို ဆွဲမော့ကာ နှာခေါင်းချွန်ချွန်လေးနဲ့ နှုတ်ခမ်းလေးကို နမ်းရင်းပြောလိုက်တော့