အပိုင်း ၂၇၆ ၂၇၇ ၂၇၈ ၂၇၉ ၂၈၀

1.5K 186 5
                                    

အပိုင်း ၂၇၆

လက်ရေးက အလွန် မရင့်ကျက်သေးသော်လည်း သူမကတော့ တစ်ချက်ကြည့်ရုံဖြင့် သူမလက်ရေးမှန်း သိလိုက်သည်။

မြင်ကွင်းအပိုင်းအစတွေက သူမမျက်ဝန်းထဲမှာ ဖျတ်ခနဲပေါ်လာကာ ရုတ်တရက် ထိုစဥ်တုန်းက သူမစိတ်ခံစားချက်ကိုတောင် အမှတ်ရသွားရသည်။

အဖြစ်အပျက်ကို အတိအကျမမှတ်မိတော့ပေမဲ့ စန်းပုကျင့်က ငယ်ငယ်တုန်းက အစအနောက်သန်လွန်းပြီး သူမမှာ အလွန်စိတ်ဆိုးခဲ့ရ၏။

ထိုအခိုက်အတန့်က ခံစားချက်များက သူမနှလုံးသားထဲ လှိမ့်ဝင်လာသည်။အတိတ်တုန်းက သူမပုံစံကိုပင် သနားမိသွားကာ စန်းပုကျင့်အား မြေကြီးပေါ်ဖိချ၍ သူ့ခေါင်းကြီးကို ထုချင်လာသည်။

သူမ မတ်တပ်ရပ်လိုက်သည်။ ခေါင်းကမူးဝေနေကာ ကျောပြင်က အေးစက်နေ၏။ ဒါတွေဟာ တခြားလူ၏ မှတ်ဥာဏ်မဟုတ်လောက်။ သေချာပေါက် သူမနှင့်စန်းပုကျင့်ဟာ အတူကြီးပြင်းခဲ့ကြတာပင် ဖြစ်သည်။

စန်းကြင်ရာတော်က အမြန်ပင် ရှေ့တိုး၍ သူမအား ထိန်းဖက်ပေးလာသည်။

"မယ်တော် ဒီသမီးတော်က အိမ်နဲ့အဝေးကြီး ထွက်သွားမိခဲ့ပြီး သားသမီးဝတ္တရားမကျေပွန်နိုင်ခဲ့ပါဘူး! !"

အတွေးပေါင်းထောင်ချီဟာ သူမခေါင်းထဲလှိမ့်ဝင်လာပြီး ပါးစပ်ကိုအုပ်ကာ ကလေးတစ်ယောက်လို ငိုရှိုက်မိတော့သည်။

မတရားမှုကို ကြီးကြီးမားမားခံစားလိုက်ရသော ကလေးတစ်ယောက်အတိုင်းပင်။

သူမငိုသည်နှင့် စန်းကြင်ရာတော်ကလည်း မထိန်းချုပ်နိုင်တော့။ ချက်ချင်းပင် သူမလက်ကိုထပ်ကိုင်ကာ မျက်နှာတွေနီရဲလာသည်ထိ နှစ်ယောက်သား ငိုကြွေးကြတော့သည်။

အတော်ကြာမှ ပြတ်တောင်းပြတ်တောင်းရှိုက်ငိုသည့်အဆင့်ရောက်သွားကာ နောက်ဆုံးမှာ အငိုရပ်သွားကြတော့သည်။

"မယ်တော်"

စန်းကြင်ရာတော်၏ မျက်လုံးတွေက မက်မွန်သီးလို မို့ယောင်လာတာမြင်တော့ စန်းယွမ်ယွမ်က သူမ၏ ခံစားချက်တွေကို အမြန်ဖိနှိပ်ထားလိုက်သည်။

သူမ လက်ဟန်တစ်ချက်အဝေ့မှာ ပန်းပွင့်ကြီးကို ဆင့်ခေါ်လိုက်၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now