[ Unicode ]
" ဒီနေ့လည်း ကြည့်ကောင်းနေပြန်တဲ့ စာဂျပိုးလေး "
ဤကော်ဖီဆိုင်လေးရဲ့ ထောင့်တစ်နေရာက ထိုလူသားလေးနဲ့မှ ပိုပြီး လိုက်ဖက်နေသယောင်ယောင် ။
" ဟူးး မျက်မှန်ကိုင်းလေးသာ ဖြစ်ချင်တော့တယ် "
ကြည့်ကြပါဦးဗျာ ။ မျက်မှန်လေးကို သပ်တင်လိုက်တဲ့ပုံလေးကအစ ရစ်မူးချင်စရာ ။ ဆိုင်ထဲ၀င်လာသည်မှစ ၊၂၈ မိနစ်နဲ့ စက္ကန့် ၄၀ ကြာသည်အထိ ထိုစာဂျပိုးလေးဆီမှအကြည့်မခွာနိုင်သေးပေ။
ကမ္ဘာမြေကြီးနဲ့ ဆွဲအားက ထိုလူသားလေးနားမှာ အားပြင်းပြင်းနဲ့ ပိုပြီးသက်ရောက်နေတာထင်ရဲ့ ။
" ဟန်ယူဂျင်းခင်ဗျ table 4th ကို အော်ဒါမှာထားတာလေး သွားပို့လို့ရပါပြီနော် "
" အော် အင်း ပေးပေး မြန်မြန် .... ဒါနဲ့ နေပါဦး ဘာလို့သွားပို့ရမှာလဲ ငါက ဆိုင်ရှင်လေ "
" ကိုယ့်ဆိုင်ရဲ့ အနေအထားကိုလည်း ကြည့်ပါဦး ယူဂျင်းဟျောင်းရယ် ဒီလောက် လူကျနေတာကို တစ်ယောက်တည်း ဘယ်နိုင်ပါ့မလဲ "
အချိန်ပိုင်းကောင်လေး ပြောမှ သတိထားမိသည် ။ ကြားရက်ဖြစ်တာကြောင့်ရယ်၊ အလုပ်ဆင်းချိန်ဖြစ်တာရယ်နဲ့ ပေါင်းပြီး လူက ပုံမှန်ထက်များနေ၏ ။
" Table 4th နော် "
ကောင်တာမှာ ထိုင်နေကြဆိုပေမဲ့ ဒီလို အချိန်မျိုးဆိုရင်တော့ ယူဂျင်းပါ ဝိုင်းကူပေးလေ့ရှိသည် ။ အော်ဒါကောက်သည်ပဲဖြစ်ဖြစ် ၊ ပါဆယ်ပို့သည်ပဲ ဖြစ်ဖြစ် ။
" ကောင်းကောင်းသုံးဆောင်ပါဗျ လိုအပ်တာရှိရင်လည်း ပြောပါနော် "
" ဟို.. တစ်ခုလောက် အကြံပေးလို့ရမလား "
အထက်တန်းကျောင်းသားလေးတွေဖြစ်ပုံရသည် ။ ထိုအထဲမှ ခပ်သွက်သွက် ကောင်လေးတစ်ဦးက စကားစလိုက်ခြင်းဖြစ်သည် ။
" ဟုတ်ကဲ့ခင်ဗျ လွတ်လွတ်လပ်လပ်ပြောပါ "
" အစ်ကို့ဆိုင်က နေရာလေးကလည်း အချက်အချာကျတယ် အပြင်အဆင်နဲ့ အရသာကလည်း ပြောစရာကိုမလိုအောင် ပြည့်စုံတာပါ ဒါပေမဲ့လေ ... "
YOU ARE READING
𝐓𝐡𝐞 𝐂𝐚𝐟𝐞𝐭𝐞𝐫𝐢𝐚
Short Story𝐊𝐢𝐦 𝐆𝐲𝐮𝐯𝐢𝐧 × 𝐇𝐚𝐧 𝐘𝐮𝐣𝐢𝐧 [ 𝐎𝐧𝐞𝐬𝐡𝐨𝐭 ] ကော်ဖီဆိုင်တစ်ခုရဲ့ ဆိုင်ရှင်လေးမှ ကျွန်တော့်နှလုံးသားရဲ့ ပိုင်ရှင်လေးအဖြစ်သို့ .... ။ @𝐊𝐨𝐚_𝐛𝐢𝐧 27.4.2024