ဇာတ်သိမ်းပိုင်း

3.8K 108 15
                                    

"ခေတ်ကြီးပြောင်းလာပုံများဗျာ သမီးမိန်းကလေးမွေးထားပြီး ချွေးမရတဲ့ခေတ်တဲ့‌ဗျို့"

"ဟုတ်ပ သူရိန်ရာ...အခုတော့ ကိုယ့်လို မယက ရာထူးဆက်ခံမယ့်သူ တိုးပြီဗျာ အိမ်က ဆရာမကြီးကတော့ မိန်းမတစ်ခွန်းဆို တစ်ခွန်းပဲ ငြိမ်တိတ်ပဲဗျို့"

"အမယ် အစ်ကိုပဲပြောတော့ စိမ့်ကို ချစ်တာပါဆို"

"ဒါပေါ့ဗျာ အစ်ကို့ဘဝမှာ စိမ့်ရယ် သမီးလေးရယ်က အစ်ကို ကမ္ဘာကြီးပဲလေ ကြောက်တာမဟုတ်ပါဘူး ချစ်တာ"

"ကြည့်စမ်း... ကိုရယ် မေတို့ကိုမှ အားမနာ အသက်ကြီးမှ အကဲပိုနေကြတယ် အတွဲတွေများ"

"ရှင်တို့ကသမီးမွေးပြီး ချွေးမရတာလည်း မပြောနဲ့လေ ရှင်တို့သာ ခပ်ချောချောမြင်ရင် ကြည့်ချင်ကြည့်မယ် ရှင်တို့သမီးကျ သိမ်းထားလို့ရရင် သိမ်းထားကြမှာမလား"

"ဒါတော့ မေရယ် ကိုယ်က သမီးလေးကို အကောင်တွေ လာကြူးရင်ကို မကြိုက်တာကိုး"

"အခုတော့ ကြူးတာက ကိုယ့်လူတွေဖြစ်ကုန်ပြီလေ"

"ဟုတ်ပ"

မင်္ဂလာပွဲအတွက် စီစဉ်စရာရှိတာတွေ တိုင်ပင်နေကြရင်း စကားဝိုင်းအတွင်း၌ လူကြီးတွေက တသောသော ရယ်မောနေကြတော့သည်။

တကယ်တော့ အခက်အခဲတွေ အတူတူရင်ဆိုင်ဖြေရှင်းရဲဖို့ပဲလိုတာပါ။ ချစ်မေတ္တာမှာ အမျိုးသား အမျိုးသမီး ကန့်သတ်ချက်မရှိပါဘူး။

----------

တစ်ရက်သော တနင်္ဂနွေနေ့၌ မောင်နှင့်ကျွန်မ လက်ထပ်ခဲ့ကြသည်။မောင့်ကို ဝတ်စုံအမျိုးမျိုးနဲ့ မြင်ဖူးခဲ့သော်လည်း အခု မင်္ဂလာဝတ်စုံနှင့် အခန့်ညားဆုံး အလိုက်ဖက်ဆုံးဖြစ်သည်။

"မောင်က သိပ်ချောတာပဲ"

"မြှောက်နေပြန်ပါပြီ... ‌မမကို ကြည့်ရတာ မောင်ဖြင့် မျက်တောင်ခတ်ပစ်လိုက်ဖို့ကို နှမြောနေမိတယ်"

"မောင်ပိုလေး.... ဟိုမှာ မင်းတို့ရုံးက လူတွေမလား သွားဧည့်ခံရအောင်"

"ဟုတ်ကဲ့"

နှစ်ဖက်သော စီးပွားရေးမိတ်ဆွေ များလွန်းတာကြောင့် မနက်ခင်း hotel မှာ မင်္ဂလာပွဲတခမ်းတနား ကျင်းပလိုက်သည်။

မုန်တိုင်းWhere stories live. Discover now