"ဆရာက Gojo နဲ့ တူတယ်နော်...."
"ဟုတ်လား..."
ချစ်စရာကောင်းတဲ့ ရွှေဝါရောင် ကြောင်ပိုင်ရှင်လေးက မေးသည်ကို ရယ်ကျဲကျဲ ပြန်ဖြေလိုက်သော်လည်း
သူမပြောသည့် စကားကို မသိ။ကျွန်တော်သိတာက ညည်းညူနေတဲ့ husky ခွေးလေးကိုသာ ဖြစ်သည်။ ကျွန်တော့်ကို ရှိနေတယ်လို့တောင် သတိမထားမိတာလား။
ရွှေဝါရောင် ကြောင်ကလေးကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးပြီးတဲ့ နောက်မှာတော့ ကျွန်တော့် အာရုံကလုံးဝကို ပျောက်ဆုံးသွားပါသည်။
"ဆရာက အဲ့သည်ကောင်လေးကိုပဲ ကြည့်နေတယ်နော်..."
"သူ့ကို သိလို့လား..."
"lucky လေ"
သူမရဲ့ ကြောင်လေးထက် lucky လေးကို ဂရုစိုက်နေမိတာက သိပ်မကောင်းတာလည်းသိပါသည်။
"သူ့သခင် ကိုရော သိလား"
"ဟုတ်ကဲ့..."
ကျွန်တော်၏ စိတ်အားထက်သန်မှုကို သူမလည်း သတိထားမိမည်ထင်ပါသည်။
"လိပ်စာသိရင် ပြောပြပါလား"
သူမက လိပ်စာတစ်ခုကို ရွတ်ပြပြီးနောက်တွင် ကျွန်တော် lucky ၏ လည်ပတ်လေးကို ဆွဲကာ အပြင်ထွက်ရန် ပြင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်...ပြီးတော့ တောင်းပန်ပါတယ်..."
ဆေးခန်းကို ပိတ်ရန် စိတ်ကူးပင် မရှိတော့။ ကျွန်တော် သည်ခွေးလေးကို အမြန် ပိုင်ရှင်ထံ ပြန်ပို့ပေးမည်။
"ဆရာ ဆေးခန်းရော..."
"ကျွန်တော် နောက်မှ ပြန်လာခဲ့မယ်..."
ကျွန်တော် ပြောလိုက်တဲ့ပုံက အရမ်းကို ဂရုမစိုက်ဘူးဆိုတာကိုလည်း သိပါသည်။ lucky ရဲ့ အိမ်က ဆေးခန်းနှင့် နီးသည့် အတွက် သည်အတိုင်းသာ တန်းတန်းထွက်လာခဲ့သည်။
အနက်ရောင် ဆေးသုတ်ထားသည့် သစ်သားတံခါးရှေ့တွင် ကျွန်တော်ရပ်လိုက်သည်။ တံခါးက မပွင့်သေးသည့် အတွက် အိမ်ရှင်ကို အရင်ခေါ်ရသေးသည်။ သိပ်မကြာခင် ကျွန်တော်နှင့် အသက်မတိမ်းမယိမ်းကောင်လေးတစ်ယောက်ထွက်လာသည်။
YOU ARE READING
ငယ်ချစ်ပုံပြင်
Teen Fictionအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ