ဦးလွင်မင်း ပိုင်သည့် လုပ်ငန်းတွေထဲတွင် ခရီးသွားကား ဝန်ဆောင်မှုလုပ်ငန်းလည်း ပါဝင်သည်။ ကိုးတန်းနှင့် ဆယ်တန်းတွေအတွက် သီးသန့် အလည်အပတ် ခရီးတွင် အမြဲတမ်း အသုံးပြုနေကြဖြစ်သည့် ဦးလွင်မင်း ပိုင်သည့် ခရီးသွား ဝန်ဆောင်မှုနှင့်သာ ကျောင်းက ချိတ်ဆက်လိုက်၏။
အိမ်က ထွက်သည့် ကားမို့ မြင့်မိုရ်လည်း အစောပိုင်းကတည်းက ကြိုရောက်နေသည်။တစ်နာရီလောက် စောရောက်သည်မို့ Expressကား၏ အလယ်လောက်မှ ခုံတွင် မြင့်မိုရ် ကျောပိုးအိတ်လေး ပိုက်ကာ အိပ်နေလိုက်၏။
ဆူညံသံတွေကြောင့် မြင့်မိုရ် နိုးလာတော့ ကျောင်းပေါက်ဝတွင် လူတွေ အတော်စုံနေလေပြီ။ ကျောင်းသား အားလုံးမှာ မြင့်မိုရ်နည်းတူ ရှပ်လက်တိုအဖြူအပေါ်တွင် အဖြူနှင့် စိမ်းပြာရောင် စပ်ထားသော မိုးကာသား အင်္ကျီထပ်ထားကာ စိမ်းပြာရောင် ဘောင်းဘီ ဝတ်ထားကြသည်။
မြင့်မိုရ် ကားပေါ်မှ ဆင်းကာ ဥက္ကာအား ရှာလိုက်၏။ မြင့်မိုရ်ပါ ဇွတ်အတင်း အပူကပ် ကူပြောပေးသည်မို့ ဒေါ်နန်းခင်နှင်းက သဘောထားပြောင်းကာ ဥက္ကာအား လိုက်ခွင့်ပြုသည်မို့ ဥက္ကာရောက်လာမှာ အသေအချာပင်။
မြင့်မိုရ် နာရီကြည့်လိုက်တော့ ကျောင်းမှ ချိန်းထားသည့် နံနက် လေးနာရီ ထိုးရန် မိနစ်ပိုင်းသာ လိုတော့သည်။ ဖုန်းဆက်လိုက်ရမလား တွေးမိပြီး ဖုန်းထုတ်လိုက်ချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ဥက္ကာတို့အိမ်မှ Landcrusierကားလေး လာနေသည်ကို တွေ့လိုက်ရ၏။
ကားရပ်ပြီးနောက် ဥက္ကာက maskအဖြူတပ်ထားပြီး ကားအနောက်ခန်း၏ ညာဘက် တံခါးမှ ထွက်လာသည်။
" စိုင်းဥက္ကာထူး ... ငါက မင်းကို မျှော်နေတာ။ "
မြင့်မိုရ်က ပြောပြောဆိုဆို လက်သွားချိတ်လိုက်လေတော့ ဥက္ကာက လက်ကို ရုန်းသွား၏။ ထိုကဲ့သို့ ကြီးကျယ်သည့် အမူအယာကို ကားအနောက်ခန်း၏ ဘယ်ဘက်တံခါးမှ ထွက်လာသည့် နောက်တစ်ယောက်ကို မြင်သည်နှင့် မြင့်မိုရ် ချက်ချင်း သဘောပေါက်လိုက်ပါသည်။ဒါ အငယ်ဖြစ်၏။
![](https://img.wattpad.com/cover/366867117-288-k816759.jpg)
YOU ARE READING
Youth , Sweet Love (Completed)
RomanceMyanmar×OC Fic cover crd to pinterest နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု 11.4.2024 _