Part1

260 9 2
                                    


အချိန်အားဖြင့်ည11နာရီ။အကြာကြီးနေမှkoreaကိုထပ်သွားရမယ်ဆိုတော့အိပ်မပျော်နိုင်ဖြစ်နေတဲ့ကောင်မလေးကဒီညမှာတော့ပိုလှနေသယောင်...။
ဆံနွယ်နက်လေးတွေဖြည်ချထားရင်းပြတင်းပေါက်ဘောင်ပေါ်မှာလက်တင်‌ထားပီးညအိပ်ဂါ၀န်အဖြူရောင်အပါးလေးနဲ့သူမဟာ လေပြည်တွေနဲ့အတူလှပစွာလွင့်မျောနေသလို..။
သူမနာမည်ကassa(အာဆာ)..anami asaဆိုပြီးကျောင်းဆရာမတစ်ယောက်အနေနဲ့မသိတဲ့သူမရှိသလို ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်ကြိုးစားရင့်ကျက်ပီးမိဘတွေကိုသိတတ်တာကြောင့်ချွေးမတော်ချင်နေတဲ့အိမ်တွေကလည်းလက်ညိုးထိုးမလွဲ။ဟုတ်တာပေါ့သူမအသက်က20ပဲရှိသေးတယ်ကျောင်းက ကလေးတွေနဲ့လည်းနင်လားငါလားပြန်မေးရအောင်ဆရာမငယ်သေးတယ်လေ အလှလေးလည်းဖြစ်တာကြောင့်အိမ်ကမိဘတွေကလုံး၀စိတ်မချခဲ့ဘူး ဒါကြောင့်koreaကသူ့အဒေါ်ဆီပြန်နေခိုင်းဖို့ဆုံးဖြတ်တာလည်းမမှားပါဘူးလေ..။

*ဒေါက်..ဒေါက်*

"သမီးရေ အာဆာ"

လေပြည်အရသာကိုခံယူနေတုန်းအမေ့ရဲ့ခေါ်သံကြောင့်ချက်ချင်းတံခါးဖွင့်ဖို့သွားခဲ့တယ်

"ဟုတ်ကဲ့ မေမေ"

"ဟယ် သမီးမအိပ်သေးဘူးပဲဘာလို့ပြတင်းပေါက်ဖွင့်ထားရတာလည်းငါတို့အာဆာလေးကဖျားလွယ်နာလွယ်တဲ့ဟာကို"

ပြောရင်းဆိုရင်းပြတင်းပေါက်ကိုသွားပိတ်ရင်းပြောလာတဲ့အမေရဲ့ဆူပူသံကနောက်ဆိုအကြာကြီးနေမှကြားရတော့မှာ..အမေ့ကိုကြည့်ရင်းနဲ့မျက်ရည်ဝိုင်းလာတဲ့အာဆာ့ကို မေမေကတစ်ချက်ပြုံးပီးကုတင် ပေါ်ထိုင်လိုက်တယ်။

"လာ..ဒီကိုလာပါအုန်းငါတို့သမီးလေး"

"အမေ.."(ငိုရင်းနဲ့ပြောလာတဲ့အာဆာ)

"ရှုး..မငိုရဘူးလေသမီးရယ်ညကြီးအချိန်မတော်မငိုကောင်းဘူး"

"သမီးစိတ်မကောင်းဘူးမေမေ အခုကမေမေတို့မပါပဲသွားရမယ့်ခရီးလေမေမေတို့နဲ့ခွဲရတော့မှာ"

"သမီး မေမေ‌ပြောတာနားထောင် သမီးကငယ်သေးတယ်ဒီမှာကျောင်းဆရာမလုပ်နေတာအဆင်မပြေဘူးလေ ဂျပန်မှာမေမေတို့စိတ်မချဘူးဒါမဲ့ ‌Koreaမှာကျတော့သမီးဒေါ်လေးလည်းရှိတယ်သမီးလည်းမစိမ်းတဲ့နေရာဆို‌ေတာ့အဆင်ပြေတာပေါ့သမီးကရောမသွားချင်လို့လားပြော"

Dear TeacherWhere stories live. Discover now