Chapter - 13

375 61 8
                                    

[ Unicode version ]

ဖိချုပ်ခံထားရတဲ့လက်ကောက်ဝတ်တွေနာကျင်လာသည့်တိုင် ပြင်းပြင်းထန်ထန်နမ်းရှိုက်ခံနေရတဲ့နှုတ်ခမ်းတွေပေါက်ပြဲပြီး သွေးအရသာကိုပင်ခံစားလာမိတဲ့ထိ ကျွင့်ကျယ်က ရုန်းကန်နေတုန်းပါပဲ။

အချိန်ကိုက်လို့ပဲဆိုမလား။ အဲ့အချိန် ပိုင်ဟူ့ နားထဲတိုးဝင်လာတဲ့ တံခါး pw နှိပ်သံကြောင့် ပိုင်ဟူ့လှုပ်ရှားမှုတွေကရပ်တန့်သွားသည်။

နမ်းနေတာကိုဖယ်ခွာလိုက်တော့ ကျွင့်ကျယ်မှာလည်း ရုန်းကန်နေရာကနေငြိမ်ကျသွားပြီး နှုတ်ခမ်းတွေကိုတင်းတင်းဖိကိုက်ထားကာ အသက်ကိုပြင်းပြင်းရှူရှိုက်နေခဲ့သည်။

ပိုင်ဟူကစိတ်ထဲကနေ ဆဲရေးလိုက်ပြီးနောက် ကျွင့်ကျယ်ရဲ့လက်တွေကိုချုပ်ထားရာကနေလွှတ်ပေးကနေ မြန်မြန်ဆန်ဆန်ပဲထထွက်သွားတော့သည်။

" ကိုကို အိပ်နေ... "

အခန်းတံခါးကိုဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ပုံမှန်မဟုတ်ဘဲ အိပ်ယာပေါ်ပစ်ကလဲ့စမ်း လဲနေတဲ့ ကိုကိုပင်။ နှုတ်ခမ်းတွေဖိထားရင်း မျက်လုံးဝိုင်းဝိုင်းလေးတွေကလည်းမျက်ရည်တွေကျလို့ ဝတ်ထားတဲ့အင်္ကျီတွေကလည်းဖရိုဖရဲဖြစ်လို့နေသည်။

ကျစ်ကွမ်းက အိတ်ကိုကြမ်းပြင်ပေါ်ပစ်ချလိုက်ကာ ကိုကို့အနားကိုပြေးလွှားကာရောက်သွားပြီးနောက် မျက်လုံးခပ်ကြောင်ကြောင်လေးနဲ့ ခန္တာကိုယ်လေးတုန်ရီနေတဲ့ ကိုကို့ ကိုဆွဲမကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။

" ကိုကို! ကိုကို ဘာဖြစ်တာလဲ ! "

ကျစ်ကွမ်းရင်ထဲပူပန်စိတ်ကလွဲရင်ဘာမှရှိမနေ။ ဘာတွေဖြစ်သွားတာလဲမသိပေမယ့် ကိုကိုကတော့ သူ့ရင်ခွင်ထဲ တုန်တုန်ရီရီနဲ့ ဘာစကားမှမပြောလာဘဲ မျက်ရည်တွေသာကျနေသည်။

ကျစ်ကွမ်းက ကိုကို့ မျက်နှာလေးကို တယုတယလက်နဲ့အုပ်ကိုင်ပြီးကြည့်လိုက်တော့ မျက်ရည်တွေစိုရွဲနေတဲ့မျက်နှာလေးနဲ့ နှုတ်ခမ်းထောင့်ကသွေးစတွေကိုမြင်လိုက်ရသည်။ ခန္တာကိုယ်လေးကိုငုံ့ကြည့်တော့လည်း တစ်ခုခုကပုံမှန်ဟုတ်မနေတာကိုသတိထားမိသည်။ တကယ်ပဲ ကိုကို့ဆီမှာ ဘာတွေဖြစ်နေတာလဲ။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now