Chapter 31

1.2K 156 2
                                    

🧝Chapter 31

တစ်လကျော်ကြာပြီးနောက် မြောင်ဟယ် အသီးအရွက်လေးခေါက်ပို့ပေးခဲ့ပြီးပြီဖြစ်သည်။

သူမြို့သို့အသီးအရွက်သေတ္တာသွားပို့ရသည့်အချိန်တိုင်း ကောင်းမွန်စွာပြင်ဆင်ထားသောတန့်ရှန်းအချို့ကိုလည်း ချန်ရစ်မထားနိုင်ခဲ့ပေ။ ၎င်းတို့ကို ခြံဝန်းထဲတွင် စိုက်ပျိုးထားသည့် ခေါင်းလောင်းပန်းနှင့်တရုတ်နံနံဝါတို့နှင့်အတူ ဆေးဆိုင်တွင်ငွေပြားအချို့နှင့် လဲလှယ်ရန်အတွက် ယူသွားလိုက်သည်။ သို့သော်လည်း အများအပြားမယူသွားမိစေရန်အတွက် သူ့ကိုယ်သူစည်းမျဉ်းသတ်မှတ်ထားပြီး တစ်ကြိမ်လျှင် အပင်တစ်မျိုး သို့မဟုတ် နှစ်မျိုးခန့်သာ ယူသွားခဲ့သည်။ ပြောရမည်ဆိုလျှင် အချိန်ကြာလာသည်နှင့်အမျှ အိတ်တစ်အိတ်ချင်းစီ၏ ခွဲတမ်းမှာလည်း တိုးပွားလာမည်ဖြစ်ကာ နောင်တစ်ချိန်ကြလျှင် နှစ်အိတ် သို့မဟုတ် ထို့ထက်ပို၍ တဖြည်းဖြည်းချင်းအမြတ်ရလာမည်ဖြစ်သည်။ သေချာပေါက်ပင် ၎င်းမှာအားသာချက်မရှ်ိမည်မဟုတ်ပေ။

ထိုလအတွင်း သမားတော်အိုကြီးကျီသည်လည်း လာရောက်စစ်ဆေးပေးခဲ့သည်။ အဆုံး၌ ရန်သာ့လန်အား ပြန်လည်ထူထောင်ရေးအခြေအနေမှ လွှတ်ပေးလိုက်ပြီဖြစ်ကာ သူ၏ရင်ဘတ်တွင်စည်းနှောင်ထားသော အဝတ်စများကို ဖြေလျော့ပေးလိုက်ပြီဖြစ်သည်။ သမားတော်ကျီမှ သာ့လန်၏သက်သာလာသောအခြေအနေမှာ အကောင်းဘက်တွင်ရှိပြီး ယခုအချိန်၌ ပေါ့ပေါ့ပါးပါးအလုပ်များလုပ်နိုင်ပြီဖြစ်ကြောင်း အပြီးသတ်ပြောလာခဲ့သည်။

ဤအချိန်ကာလတွင် ရာသီဥတုမှာတဖြည်းဖြည်းပူနွေးလာပြီဖြစ်သောကြောင့် အသီးအနှံများမှာလည်း ရင့်မှည့်လာပြီဖြစ်သည်။ မုန်လာနှင့်ဆလပ်တို့မှာလည်း ရာသီစာတရုတ်မုန်ညှင်းစိမ်း၊ မုန်ညှင်းစေ့တို့နှင့်အတူ ရိတ်သိမ်းရာသီထဲသို့ တစ်ခုပြီးတစ်ခုဝင်ရောက်လာကြသည်။ တစ်ဖက်တွင်မူ ခရမ်းချဉ်သီးများကို မကြာခဏဆိုသလို ခူးဆွတ်နေရသည်။ စားသောက်ဆိုင်မှ ဆက်တိုက်ဆိုသလို ခရမ်းချဉ်သီးတောင်းဆိုမှုများကြောင့် မြောင်ဟယ် အပင်အမြောက်အများကို တစ်ကြိမ်တည်းရင့်မှည့်လာစေရန်နှင့် အသီးထုတ်လုပ်ချိန်တိုးလာစေရန် သက်ရှိမြေကြီးကို အသုံးပြုခဲ့သည်။ အတိအကျပင် လျန်မိသားစုမှ တောင်းဆိုမှုသည်လည်း စားသောက်ဆိုင်ထက် မလျော့နည်းခဲ့ချေ။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now