Part..3

50 2 0
                                    

ဒီဇင်ဘာလမှာ ဆောင်းရာသီဖြစ်နေတာမို့လို့ နှင်းတွေကျလို့လာသည်
ထယ်ယောင်ဟာ သူပြန်ပေးဆွဲခံ‌လာရတာ အခုဆိုတစ်လနီးပါးရှိတော့မည်
အမေတွေ စိတ်ပူနေတော့မှာ အခုဘာတွေလုပ်နေသလဲ ပူလောင်သောကရောက်နေမလား အကိုဘိုဂန် ကျေးဇူးပြုပြီးမေမေကို လျှောက်ရှောက်ပေးပါ

    ထယ်ယောင်လည်း အပြင်မှာ နှင်းတွေကျလာတာကို အိမ်ပေါ်ကနေ မှန်ပြင်မှာမြင်တွေ့ရသည် ဟိုလူကလည်း ဒီနေ့မှ အပြင်ခဏထွက်မည်ပြောတာကြောင့် ကိုယ်သာခြေတောက်ကောင်းရင် ထွက်ပြေးမိမှာအမှန်
အခုတော့ဘာမှမတတ်နိုင်ပါလေ။  ပျင်းလာတာနဲ့TVကြည့်ဖို့ ဆုံးဖြတ်လိုက်၏
    Tv ဖွင့်လိုက်ပြီး ဟိုကြည့်ဒီကြည့်နဲ့ တစ်ခါမှမမြင်တွေ့ဖူးတဲ့သူ့ရဲ့ပုံစံ လုံးဝကိုကွဲပြားလွန်းသည် အိမ်မှာနေရင် ကျင်းဘောင်းဘီတွေနဲ့သာဝတ်ပြီး လူငယ်ပိုဆန်သလို
  Company မှာဆိုရင် ဝတ်စုံသန့်သန့်လေး လူကြီးပုံစံနဲ့
နက်ကတိုင်အပြာရောင်ဝတ်ဆင်ထားသည်
ဒီတစ်လအတွင်းသူပြန်မှတ်မိဖို့ ကြိုးစားနေသည်။
ဘာမှထူးမလာပါ ညဘက်ဆိုရင်"ယောင်း"ကိုယ်မှားသွားပါတယ် ဆိုတဲ့အသံတစ်ခုပဲကြားရသည် အပြင်မှာပြောတာလား အိပ်မက်သလားတော့မသဲကွဲ

  ဂျောင်ဂုလည်း မရောက်တာကြာဖြစ်တဲ့သူ့ရဲ့ Company ဆီဒီနေ့ အစည်းအဝေးအရေးကြီးရှိတော့ လာလိာက်ရတာ တစ်ကယ်တော့ ထယ်ယောင်းကိုစိတ်မချပါ ဖြစ်နိုင်ရင် အနားကမခွာခြင် အစည်းအဝေးပြီးလိာ့ ထယ်ကြိာက်မဲ့ကိတ်မုန့် စတော်ဘယ်ရီ အနည်းငယ် ဝင်ဝယ်ဖို့ တွေးလိုက်၏ ထိုစဉ်

"ဂျောင်ဂု မင်ကဒီကိုဘာလာဝယ်တာ အိုး ကိတ်မုန့်လာဝယ်တာပဲ"
ဘယ်သူမှတော့မဟုတ်ဘူး ငါ့သူငယ်ချင်းဂျောင်ဟိုဆော့ဖြစ်‌လို့နေတာ ဒီကောင်ဟိုလမှပြင်သစ်ကို အလုပ်ကိစ္စနဲ့သွားတာ ဘာမှမပြောပဲ အခုလို ပေါ်လာတာလား

"ဒီကောင် ငါလန့်အောင်...ပြန်လာပြီးပေါ် ဘယ်လိုလဲ နင်လိုက်ရှာတဲ့လူရော တွေ့လား"
ဟိုဆော့နဲ့တွေ့ပြီး ကော်ဖီဆိုင် ခဏ စကားထိုင်ပြောလိုက်တာဖြစ်၏ ဟိုဆော့က အထက်တန်းကပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေထဲကတစ်ယောက် ပြောမနာဆိုမနာပေါ့
အသက်အရွယ်တွေရောက်လာတော့တစ်ယောက်တစ်နေကာမှာသာ ဒီကောင်ပြောတာတော့ သူချစ်ရတဲ့ ကင်ဆော့ဂျင်ဆိုတဲ့ လူးသားကိုလိုက်ရှာတာပါတဲ့...

စကားတွေပြောပြီး အိမ်ကိုတန်းပြန်လာလိုက်တော့တာ မဟုတ်ရင်"ယောင်း" အထီးကျန်မှာမလား
"
ယောင်း ကိုယ်ပြန်လာပြီး ကိတ်မုန့်ပါဝယ်လာပေးထားတယ်နော် ယောင်းကြိုက်တဲ့စတော်ဘယ်ရီကိတ်"
အသံပြန်မပေးပါ သိတာပေါ့ ဒီကလေးပြောသမျှပြန်၍ပြောတာတော့ရှားသည်လေ သူဒီလို အတင်းအကြပ်ခေါ်လာတာလွန်တာသိပေမယ့်
မှားတဲ့လမ်းဖြစ်ရင်တောင် ဆက်မှားမည်
မဟုတ်ရင် ဟိုအရင်တုန်းက လက်လွှတ်လိုက်ရတာမလား ဒီတစ်ခါတော့ လက်မလွှတ်ခြင်တော့ဘူး မဝေးခြင်တော့ဘူး
ဘယ်သူဖြစ်ဖြစ် ကိုယ်တို့ရဲ့ချစ်ခြင်းတွေကိုခွဲမယ်ဆို ငါသေမှရမယ်...

(ဒီfic က အခါးရောအချိုရော အကုန်ပါမယ်နော်)
စာလုံးပြန်မစစ်တော့ဘူးနော် မှားပါရင်နားလည်ပေးပါနော်

#Thapyay

Your strong heart Where stories live. Discover now