စစ်မှန်တဲ့ချစ်ခြင်းတွေက လွယ်လွယ်နဲ့မရတက်မှန်း ' မြ ' သိပါတယ်လေ တခါတရံဖြစ်ပေါ်လာတဲ့ ရင်ထဲကခံစားချက်တချို့ကတော့ 'မြ' ကိုအဆုံးထိတွန်းပို့နေတယ်ထင်ပါရဲ့
အချစ် ...အဲ့တာက အချစ်တဲ့လား .... 'မြ' အသက် ဆယ့်ရှစ်နှစ်အရွယ်ထိမေတ္တာရေးနှင့် ပက်သက်၍ရင်မခုန်ခဲ့ဖူးပေ ....အခုကျဘာလို့များ ယောကျာ်းသားမဟုတ်သည့် အမျိုးသမီးတစ်ဦးအားနှစ်နှစ်ကာကာ စွဲလမ်းနေမိသနည်း ။ အချိန်တိုအတွင်းမှာ ဖြစ်ပေါ်လာတဲ့ စိတ်ပြောင်းလဲမှုကြောင့်လား ဒါမှမဟုတ် နှလုံးသားကစေခိုင်းတာလား...တိကျတဲ့အဖြေရှိမနေပေ... 'မြ' အသက် ဆယ့်ခြောက်နှစ်အရွယ်မှာ အချစ်ဝတ္ထုတစ်အုပ်ကိုစဖတ်ခဲ့ဖူးပြီး ဒီလိုခံစားချက်တွေဖြစ်လာရင် အချစ်ဟူ၍ခေါင်းစဉ်တပ်နိုင်ပြီလားဟုစိတ်ထဲထင်ခဲ့မိသည်။"မြမှုးရာ...! "
မြနာမည်ကို လုံးစေ့ပက်စေ့ခေါ်ရမှ အားရပါသည်ဆိုသည့်ထိုအမျိုးသမီး အားစိတ်ချမ်းသာစေရန် ဘာမျှအထွတ်မတက်ပါဘဲ ခေါ်ခွင့်ပေးထားခဲ့သည်။ အခုပင်လျင် မြမှပြောစရာရှိသည်ဟုချိန်းကာ ဘာမျှမပြောဘဲထိုအမျိုးသမီး၏မျက်နှာအားအချိန်အကြာကြီးစိုက်ကြည့်နေမိ၍ မြ မြတ်နိုးရသည့်အသံစာစာလေးမှာအနည်းငယ်တင်းမာနေလေသည်။
" လန့်လိုက်တာ မမခင်ရယ် "
"လန့်မနေနဲ့ တို့ကိုပြောစရာရှိတယ်ဆို ကဲပြော တို့ကစိတ်သိပ်မရှည်ဘူး "
ရုပ်ရည်ပိုင်းဆိုင်ရာ အလှဖြစ်သည့်တစ်မျက်နှာလုံးအားခြုံငုံကြည့်ရလျင်အလှဆုံးဖြစ်သည့် မမခင်၏နုတ်ခမ်းဖူးဖူးလေးသည် စိတ်ေစရာအတိုင်းသရုပ်ပြတက်သည်။ ပျော်ရွှင်ကြည့်နူးနေလျှင်အလှဆုံးပြုံးတက်ပြီး စိတ်ဆိုးစိတ်ကောက်လျှင်လည်းသူမတူအောင်စူပုတ်ထားတက်သည်။
" မမခင်..."
"ပြောလို့"
" မြင်မြင်ချင်းချစ်တယ်ဆိုတာကို ယုံလားမမခင် "
"အို ...မဖြစ်နိုင်တာ "
"မြ ကတော့ယုံတယ်သိလား ကိုယ်တွေ့မို့လို့လေ "
မမခင်နဲ့ စတွေ့ခဲ့သည်မှာ လွန်ခဲ့သည့် တစ်နှစ်နီးပါးလောက်ကပင်ဖြစ်သည်။ ရွှေတိဂုံဘုရားပေါ်မှာ အမှတ်မထင်ဆုံခ့ဲကြပြီးလူချင်းတိုက်မိရာမှ မြ ဘက်မှစ၍မိတ်ဆက်ရင်း ခင်မင်ရင်းနှီးခဲ့ကြသည် အသက်ဆယ့်ကိုးနှစ်အရွယ် မြနှင့် အသက်သုံးဆယ်ကျော် လေးဆယ်နီးပါးရှိဒေါ်ခင်မေခ တို့၏တွေ့ဆုံမှုမှာအရမ်းကိုရိုးရှင်းလှသည်။ ခင်မေခ၏ဖော်ဖော်ရွေရွေဆက်ဆံမှုကြောင့်ပင် မြတို့၏ဆက်ဆံရေးမှာ တစ်စတစ်စ တိုးလာရာမှ တချို့စကားလုံးတို့မှာ မပြောလျင်ပင်ရင်ထဲကသိနေကြသည်အထိပင် ....
YOU ARE READING
'အချစ်တို့ မြစ်ဖျားခံရာ' /'အခဈြတို့မွဈဖြားခံရာ'( one short) uni & zawgyi
Romanceမြင်မြင်ချင်းအချစ်သတဲ့လား ! မဖြစ်နိုင်တာ ...