9

6.8K 925 226
                                    

" မြင့်မိုရ်ကိုမင်းက ​ခြေ​ထောက် ထိခိုက်မိထား​တော့ ​နောက်ဆုံးက ခုံအကျယ်နဲ့ ​နေရာလဲထိုင်​​နော်။ သူငယ်ချင်းကို ​နေရာလဲ​​ပေးလိုက်ကြဦး။ ခရီးရှည်မို့ ကြပ်ညပ်​နေရင် ​ခြေ​ထောက်ထပ်ခိုက်မိလိမ့်မယ်။သားတို့ သူငယ်ချင်းအုပ်စုလည်း အတွဲလိုက် ထိုင်လို့ရ​အောင် ဥဂ္ဂံ​ရော ​အ​​နောက်နားက ခုံက ဥက္ကာပါ ​နေရာလဲ​ပေးလိမ့်မယ်​​နော်။ "

ဆရာမသူဇာက ကားအတွင်း၏ အ​ရှေ့နေရာတွင် မတ်တတ်ရပ်ရင်း ​​အော်​ပြောလိုက်​​တော့ ​နောက်ဆုံး ခုံတန်းရှည်တွင် ငါး​ယောက်အတန်းလိုက် ထိုင်​နေသူ​တွေမှာ မဖယ်ချင်ဘဲ ​နေရာ လဲ​ပေးလိုက်ရသည်။

" သားတို့ အဲဒီမှာ သွားထိုင်​​နော်။ "

မြင့်မိုရ်က ​ခေါင်းငြိမ့်ရင်း ရိုရို​​သေ​သေ ပြန်​ပြော၏။

" ဟုတ် "

ဥဂ္ဂံက မြင့်မိုရ်၏ တံ​တောင်​နေရာ​လေးမှ ထိန်းကိုင်ကာ အ​နောက်ဆုံး ခုံ​​နေရာအထိ ဆွဲ​ခေါ်သွား​ပေးလိုက်၏။ မြင့်မိုရ်က ​ကျောပိုးအိတ် ကိုင်း​လေးကို ပခုံး​ပေါ် နှစ်ဖက်လုံး လွယ်ထားရင်း ခုံ​​ပေါ် ပစ်စလတ်ခတ်ထိုင်ကာ မျက်နှာလည်း စူပုတ်ထား၏။ဥဂ္ဂံက ​ကျောပိုးအိတ်ကို ပခုံးတစ်ဖက်မှာသာ တင်ကာလွယ်ထားရင်း ​ဆေးထည့်ထားသည့် စက္ကူလက်ဆွဲအိတ်ကိုကိုင်ကာ မြင့်မိုရ်​၏ ဘေးတွင်ဝင်ထိုင်လိုက်သည်။

" မင်းက ဘာဖြစ်​နေတာလဲ။ "

ဥဂ္ဂံက​မေး​တော့ မြင့်မိုရ်က မျက်နှာ​လေးလှည့်လာကာ ညာဘက်လက်​လေးကို ​​​မြှောက်ပြရင်း နှုတ်ခမ်း​လေး မဲ့ကာ ​ပြော၏။

" ခုနက ဆရာဝန်​​ပေါ့ ... ​ဆေးထိုးတာ အရမ်းနာတယ်။ ပုရွတ်ဆိတ်ကိုက်သ​​လောက်​လေးဆိုပြီး လိမ်​သေးတာ။ ​ခွေးကိုက်သွားတဲ့အတိုင်းပဲ သိလား။ "

" ကိုယ့်ကိုယ်ကိုယ် ဖျား​နေလို့ ဖျား​နေမှန်း​တောင် မသိဘဲ ... ဆရာဝန်ကို သွားအပြစ်တင်မ​နေနဲ့။ "

မြင့်မိုရ် နံနက်အ​စောထပြီး အ​အေးပက်နေ​ပေမယ့် အဖျားရှိ​​နေမှန်း​တောင် ကိုယ့်ကိုယ်ကိုယ် မသိ​ပေ။ ​ခြေ​ထောက်​ကြောင့် ​ဆေးခန်းသွားရင်း ဆရာဝန်​ပြောမှ သိရပြီး အ​ကြော​ဆေးပါ ထိုးခံလိုက်ရ၏။

Youth , Sweet LoveWhere stories live. Discover now