အခန်း 1

327 6 5
                                    

နွေရာသီ ကျောင်းတွေ ပိတ်ပြီး ကျောင်းပြန်တက်ရဖို့ ၁ရက်အလို့မှာ နွေဉီးအိမ် တစ်ယောက် အလုပ်တွေရှုပ်နေပါလေရဲ့။ ကျောင်းပိတ်ပြီး ကျောင်းပြန်တက်ရတော့မယ်ဆို့တော့ လန်းဆန်းတက်ကြွပြီး ပျော်နေသော နွေဉီးအိမ် မနက်ဖြန်ကျောင်းသွားရင် ၀တ်ဖို့ အ၀တ်အစား လွယ်အိတ် စာအုပ် အားလုံးကိုအစီ တကျထည့်နေပါလေရဲ့..
နွေဉီးအိမ်က အနေအရမ်းအေးတဲ့ မိန်ကလေး အပေါင်းအသင်းဆို့တာ လက်ချိုးရီလို့ရတယ် နွေဉီးအိမ်က တစ်ယောက်ထဲနေရတာကို ပိုပြီး သဘောကျလေရဲ့ စာအုပ်တွေဖတ်မယ် သီချင်းနားထောင်တယ် စာလုပ်တယ် သူ ဘ၀လေ က ရိုးရှင်းလှတယ်။
ပထမဆုံးကျောင်းစဖွင့်တဲ့နေ့ကိုရောက်လာခဲ့တယ်။
ကျောင်းသွားရတော့ ရင်တွေခုန်နေခဲ့တယ်။ ပထမဆုံးကျောင်းတက်ရက် ဖြစ်တာမို့ ကျောင်းကို မေမေ က လိုက်ပို့ပေးတယ်။ ကျောင်းရောက်တော့ ခုံနံပါတ်တွေခေါ်နေရာတွေချပေး ။
အားလုံး နေရာတကျ ဖြစ်တဲ့အချိန်မှာ အတန်းပိုင် တီချယ်က သူကိုယ့်သူမိတ်ဆက်ပါတယ်။
ကဲ ကလေးတို့ အားလုံး မင်္ဂလာပါ တီချယ်နာမည်ကတော့ ဂျူးဂျူးလှိုင်ပါ ၊ တီချယ်ဂျူးလို့ခေါ်လို့ရပါတယ် ကလေးတို့ ၊ ဒီနေ့က ကျောင်းစဖွင့်တဲ့ ရက်ဆို့တော့ မင်းတို့ ကို စာမသင်ဘူး ၊ တစ်ယောက်ချင်းစီ မိတ်ဆက်ရမယ်၊ ၈တန်းရောက်နေပြီဆို့တော့ စာကိုပိုကြိုးစားရမယ်နော် ၊ အပြင်တွေကို စိတ်မရောက်စေနဲ့ ၊ ကဲ တီချယ် နာမည်ခေါ်မယ် ရှိတဲ့လူက ရှိ ဆို့ပြီး‌ပြန်ပြောပေး....
ဟုတ်ကဲ့ပါ တီချယ်ဗျ /ရှင့်
တီချယ်က တစ်ယောက်ချင်းစီ နာမည်ခေါ်သွားပါလေရဲ့...
တီချယ်ဂျူးရဲ့ အသံမှာ အရမ်းကို နားထောင်လို့ကောင်းတယ်.. အသံလေးကြားရတာ နဲ့ လူကိုအကြည့်ဓာတ်ရစေတယ်။
နွေဉီးအိမ်က နောက်ဆုံးတန်း ပြတင်းပေါက်ရှိတဲ့နေရာလေးကိုရွေးထိုင်‌တယ်။
နွေဉီးအိမ် သတိမထားမီပေမဲ့ တီချယ်ဂျူးက နွေဉီး အိမ်ကို ကြည့်ပြီးပြုံးနေလေရဲ့....

ဒီနေ့တော့ဒီလောက်ထိပဲရေးမယ်ဗျာ....
အဆက်တွေမျှော်ပေးပါဗျ
အမှားတွေပါခဲ့ရင် ခွင့်လွှတ်ပေးပါ ဗျ😞
လိုအပ်တာလေးတွေလဲ ပြောပေးပါဗျ...
စာဖတ်ပေးသူ တစ်ဉီးတစ်ယောက်ချင်း ကို ကျေးဇူးတင်ပါတယ်ဗျ...👻

You've reached the end of published parts.

⏰ Last updated: May 01 ⏰

Add this story to your Library to get notified about new parts!

မြတ်နိုးတန်ဖိုးထားရပါသောတီချယ်🐢Where stories live. Discover now