Suggested song - ငါတို့အတွဲ [ဝိုင်းစုခိုင်သိန်း ft. ဘန်နီဖြိုး] (ကျွန်တော်ထည့်ပေးဖို့ကြိုးစားသေးတယ် မရလို့။ ကိုယ့်ဟာကိုယ်သာ ဖွင့်ပြီးနားထောင်လိုက်ကြတော့ဗျာ နော် TT)
"မင်းနဲ့ဆက်မနေနိုင်ဘူးကွာ ပြတ်မယ်"
"ငါကလည်းမင်းနဲ့နေချင်လွန်းလို့များ ထင်နေတာလား ဆယ်ခါပြန်ပြတ်တယ် ဟျောင့်"
"အေး မင်းစကားနဲ့မင်းပဲ၊ နောက်မှ ဆော့မင်နားးး ဆိုပြီး ပြန်လာကပ်ရင် ဟဟပဲရမယ်"
"အောင်မာ မင်းကပဲပြောရတယ်ရှိသေးတယ်၊ မင်းသာ ငါ့ကိုလွမ်းနာကျပြီး မသေစေနဲ့"
"မင်းသာ ငါမရှိဘဲနေနိုင်အောင်ကြိုးစားစမ်းပါ၊ အီဆော့မင် တဲ့ တစ်မင်ပဲရှိတယ်"
"ငါလည်း ကင်မင်ဂယူပဲ၊ တစ်ဂယူပဲရှိတယ်
မင်းမရှိဘဲငါမနေနိုင်ဘူး ဘလာ ဘလာ ဘလာ ဆို လည်း မသနားဘူးနော်""အေးပါ ကြည့်ကြသေးတာပေါ့"
"ကြည့်လေ၊ မင်းမရှိလို့ ငါကဘာမှဖြစ်မသွားဘူး
မင်းသာ သရဲကြောက်ရတာနဲ့၊ မိုးခြိမ်းတာကြောက်ရတာနဲ့၊ ငါမရှိဘဲမဖြစ်တဲ့ကောင်""မင်းအပေါက်ကိုပိတ်"
ခွမ်း
အနားမှာရှိနေတဲ့ ပန်းအိုးကို ဆော့မင် ပစ်ခွဲလိုက်ခြင်း
"မပိတ်တော့ဘာဖြစ်လဲကွာ"
ဝုန်း...အုန်း
စာအုပ်စင်ပေါ်က စာအုပ်တွေကို မင်ဂယူ ဆွဲချလိုက်ခြင်း
"ဟယ်...ဒါဘယ်လိုဖြစ်နေကြတာတုန်း"
"ဟုတ်ပါ့ ကြည့်ပါအုံး...ကင်မင်ဂယူ အီဆော့မင် ဘာဖြစ်နေကြတာလဲ"
"အိုမား" နှစ်ယောက်လုံးဆီက အံ့အားသင့်စွာနဲ့ ပြိုင်တူထွက်လာတဲ့ အသံဖြစ်သည်။
"မင်းတို့ အမြဲတမ်းဒီလိုပဲလား"
"ငယ်ပါသေးတယ်၊ နောက်မှလက်ထပ်ပေးပါမယ်ပြောတာတောင် မခွဲနိုင်လို့ပါဆိုပြီး အတင်းစေ့စပ်ခိုင်း၊မရ ရအောင် အတူတူနေနေကြပြီးတော့ ဒီလိုဖြစ်နေကြတယ်တဲ့ ဖြစ်သင့်လားဒါ"
"မင်းတို့ကလည်းကွာ ဆူမနေကြနဲ့၊ သူတို့က ဆက်မတွဲချင်ကြတော့ဘူးမလား ပြတ်ခိုင်းလိုက်၊
ကိုယ့်သားကိုယ်ပြန်ခေါ်လာလိုက်ပေါ့ ရှင်းရှင်းလေးကို"