Pain's Palette

991 50 6
                                    

နောက်ကျိကျိ အ ရောင်အ သွေးရှိ သည့် ကြွေဘေစင်ထဲ
ကြည်လင် သန့်ရှင်းမှုမရှိသော ရေတို့ဟာ ပြည့်လျှံလျှက်။
ပြင်းထန်စွာ ရိုက်ခတ်မှု ကြောင့် အကြမ်းပတမ်း ဘောင်ဘင်ခတ် နေ ပါသော ထိုရေပြင်ငယ်။
မြင်ကွင်းတို့ဟာ လွတ်လမ်းရှာမ တွေ့ အောင် ပိန်းပိန်း အ မှောင်ကျ နေသည်။
တစ်စတစ်စပိတ်ဆို့လာ သော အသက်ရှူလမ်း ကြောင်း ကြောင့် မွန်းကျပ် သည့် ခံစားချက်ဟာ အသိအာရုံထဲကျက်စား နေရင်း အောက်ဆီဂျင် ပြတ် တောက် လာသော အဆုတ်ဟာ တော့ တွန်းထိုးရုန်းကန်လာ၏။
သို့တိုင် အောင် ရေထဲနစ်မြှုပ်ထားတဲ့ မျက်နှာဟာ အံတင်းတင်းကျိတ်ထားလျှက် ထိုဝေဒနာထံမှရုန်းထွက်ရန် အ တွေးရေး ရေး တောင် ရှိဟန်မရှိ။
ဘေစင်ပေါ် ထောက်တင်ထား သော လက် ချောင်းများဟာ တ ဖြေး ဖြေး ကွေးညွှတ်လာသည်။
လက် သည်းခွံတို့ ဖြူ လွှလို့ သွေးမ လျှောက် နိုင်တော့သည်အထိ ပြင်းပျ သော အားသွန်းတို့ဖြင့် ဖိနှိပ်မှု ကြောင့် လက်ဖျံစီမှ အ ကြောများဟာ ပေါက်ထွက် တော့မ တက် စိမ်းဖန့်လာသည်။

"ဟားးးးး"

အ ဝေးသို့ လွင့်စင်သွား သော ရေစက်တို့ဟာ တပြန့်တကျဲ။
အငတ်တလင့် လေထုအား ရှုရှိုက်သံနဲ့အတူ တစ်ဖန်ဦး မော့လာ သော ထိုလူသား၏ မျက်နှာဟာ ဖြူ ဖျော့ ဖျော့။
ရွှဲစို နေ သော ဆံ ခွေနွယ်များရဲ့ အ ခြေချရာက မကျဥ်းမကျယ် နှဖူးပြင် ပေါ်။
ထွေးယှက် နေ သော ဆံဖျားထံ ခိုတွဲ နေ သော ရေစတို့ဟာတော့ မျက်နှာ ပေါ်သို့ မိုးသားအသွင်သို့။
ရေ ငွေ့ဟပ်သော ကြည့်မှန်မှုန်မှုန်ထပ် ထင်ဟပ်လာ သော သူ၏ ပုံရိပ်ဟာ ငြီး ငွေ့စရာ ကောင်းလှသည်။
တစ်ဆက်တည်း ခံပျင်းစရာ ကောင်းလှ အောင် သနားစဖွယ်ဖြစ် နေပြန်သည်။
ညှိုးနွမ်းနေ သော မျက်နှာထားသည် ပတ်ခ် ဆောင်းဟွန်းထုဆစ်သော ဖ ယောင်းသားပန်းပုငယ်ဆို
ထိုမျက်နှာထပ်က အညိုအမဲစွဲရာအချို့ဟာ တော့ ပတ်ခ် ဆောင်ဟွန်းကိုယ်တိုင် ဆေးဆိုးပန်းရိုက် ခဲ့ သော အနာတရ။
မိမိကိုယ်တိုင် တောင် မသိလိုက်ခင်မှာပဲ သူဟာ ပတ် ဆောင်းဟွန်း ဆန္ဒရှိသလို
အသက်သွင်း သော အရှုံးသမား တစ် ယောက်ဖြစ်နှင့် နေခဲ့ ချေပြီ။

Pain's Palette,Love's Portrait Where stories live. Discover now