စချစ်မိတဲ့သူက ကိုယ့်လိုပြောရင်မင်းငိုနေမလား
အချစ်ရယ်။မင်းကိုကိုယ်ကအရင်တွေ့ခဲ့ပြီးချစ်ခဲ့တာပါ။ကယ်လီဖိုးနီးယားတက္ကသိုလ်မှာဆရာတယောက်အဖြစ်နဲ့ဝင်မဲ့နေ့မှာမင်းကို ကိုယ်တွေ့ခဲ့တယ်။
ဖူးပွင့်ကာစနွေဦးပန်းကလေးတွေနဲ့တူတယ်။
ထိလိုက်တာနဲ့ညှိိုးကျသွားမဲ့ထိကရုဏ်းပင်လေး
တွေနဲ့တူတယ်။ဘယ်သူ့ကိုမှကြာကြာမကြည့်ဖူးတဲ့
ကိုယ့်ကိုမင်းကိုသတိလက်လွတ်ငေးမောနေခဲ့တယ်။အပြုံးလေးတွေကသိပ်ကိုကဗျာဆန်လှတယ်။
ကံတရားကြီးက ကိုယ့်ကိုမျက်နှာသာပေးခဲ့တယ်။
ကိုယ်သင်မဲ့အခန်းကမင်းတို့အခန်းဖြစ်နေခဲ့တယ်။
နောက်ဆုံးတန်းမှာထိုင်နေတဲ့မင်းက ကိုယ့်ကိုမမှိတ်
မသုန်ကြည့်နေသလို ကိုယ်ကလည်းအကြည့်မလွှဲ
ခဲ့ဘူး။ကိုယ့်ရင်တွေအခုန်မြန်နေခဲ့တာကြောင့်အခန်းပြင်ကို
ခဏထွက်သွားပြီး ပြန်လာချိန်မှာမင်းကရယ်မောနေခဲ့
ပြန်တယ်။မင်းရဲ့အပြုံးလေးတွေကိုသိပ်သဘောကျ
လိုက်တာ။lunch timeကိုရောက်တော့အကြောင်းမဲ့
ကောင်လေးနောက်ကိုလိုက်နေမိတယ်။ကောင်လေးက
သိသွားပုံရပြီး ထွက်သွားဖို့လုပ်နေတော့အမှတ်တမဲ့
လှမ်းခေါ်မိလိုက်၏။ကောင်လေးဟာစိတ်လှုပ်ရှားနေပုံရပြီး လက်တွေကို
အချင်းချင်းကုတ်ဖဲ့နေခဲ့သည်။လက်ကလေးတွေအနာ
ဖြစ်မှာစိုးမိသည်။မလုပ်နဲ့ပြောရအောင်လည်းကိုယ်နဲ့
လည်းအရမ်းရင်းနှီးသေးတာမဟုတ်။ခေါင်းငုံံ့ထားပြီး
ရှက်နေပုံရ၏။နာမည်လေးကKim taehyungတဲ့။နာမည်လေးက
လှသလိုလူလေးကလည်းလှပါသည်။အသံဩရှရှလေးနဲ့မျက်နှာနုနုလေးမှာအလွန်လိုက်ဖက်နေခဲ့သည်။ဒါပေမဲ့သူက'Kim'လို့ပဲခေါ်ချင်သည်။သူကkoeraစကားပြောတတ်တယ်ပြောတော့အံံ့ဩ
သွားပုံရပြီးခေါင်းမော့ကာမျက်လုံးပြူးရင်းသူ့ကိုကြည့်လာခဲ့သည်။တကယ့်ကိုကလေးလေးပါပဲ။အိမ်ပြန်ရောက်တော့mommyကိုkimအကြောင်း
ပြောပြခဲ့သည်။mommyကတော့လူတယောက်
အကြောင်းကိုမပြောစထူးပြောနေတာကြောင့်အထူး
အဆန်းဖြစ်နေရသည်။