အပိုင်း 17
နှစ်ဆန်း၁ရက်နေ့။
သင်္ကြန်အတွင်းမှာ မင်းငယ်တစ်ယောက် မမနွေနဲ့အတူ ဥပုသ်ကျောင်းသွားရသည်။
တရားထိုင်ရသည်။
ကျောင်းသန့်ရှင်းရေးလုပ်ရသည်။
မမနွေနဲ့အတူ ဖြတ်သန်းရတဲ့ သင်္ကြန်က မင်းငယ်အတွက် ပျော်ရွှင်ဖွယ်ရာအတိပင်။ဥပုသ်ကျောင်းကအပြန် ကလေးတွေနဲ့ လမ်းထိပ်မှာ ရေဆော့ကစားခဲ့တာတွေလည်း ပျော်စရာကောင်းသည်။
ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာမို့ ဘုရားရေသပ္ပာယ်၊ အိမ်သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်နေကြတာဖြစ်သည်။
"မေမေ! မင်းငယ် ဆက်လုပ်လိုက်တော့မယ်...မေမေ ရေချိုးရင်ချိုးတော့လေ"
"အင်း သမီးလေး...မေမေ ရေကန် နားက ဗူးလေးထဲမှာ တရော်ကင်ပွန်းလုပ်ထားတယ်...အဲ့တာလေးနဲ့ ခေါင်းလျှော် ရေချိုးနော်"
"ဟုတ် မေမေ"
မင်းငယ် အလုပ်ကျန်တာတွေ ဆက်လုပ်လိုက်သည်။
ရေချိုးပြီးရင် မမနွေဆီသွားရဦးမည်။
မမနွေဆီသွားပြီး အကိုထွန်းဆွေတို့ဆီ သွားရဦ်းမည်။
ရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့ပြီးကြလေပြီ။ဒီအပတ် တနင်္လာနေ့ ပြိုင်ပွဲစမှာဖြစ်သည်။ပထမဆု အတွက် ငွေကျပ် ၅သိန်း၊
ဒုတိယဆု အတွက် ငွေကျပ်၃သိန်း၊
တတိယဆုအတွက် ငွေကျပ် ၂သိန်း ဆုချီးမြှင့်မည်ဟု ရွာဦးကျောင်းဆရာတော်က ပြောထားတာဖြစ်သည်။....................................
စနေနေ့ နေ့လည်ခင်းတစ်ခု။
"ဘေဘီ မလိုက်ချင်ဘူး "
"မလိုက်ချင်လို့ မရဘူး...မနန်းက နင့်ကိုခေါ်သွားတဲ့ ...နင့်ခေါ်သွားမာမို့ ငါရော ရှုမဝရော ဆိုင်ကယ်တစ်ယောက်တစ်စင်းစီနဲ့ သွားမာ"
ဘေဘီသဲသဲ တီတီမိုးသက်ကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။
အရင်တစ်ခါ မမရှုမဝစံ ဆူပြီးကတည်းက ဘေဘီဖုန်းကောင်းကောင်းမကြည့်ရ။
မေမေက ဘယ်ကနေဘယ်လိုသိသွားလဲမသိ ဖုန်းကို လုံးဝသိမ်းသွားသည်။

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Romanceမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။