.... Umm , we're not going home tonight, alright.....
သီချင်းတညည်းညည်းလုပ်ရင်း တက်ကြွနေတဲ့ vita ကိုကြည့်ပြီး shine ပြုံးနေမိတယ်...
သဘောကျမိသွားလို့ထင်ပါရဲ့ အနားရှိနေရုံနဲ့တင်စိတ်လက်ပေါ့ပါး ပျော်ရွှင်နေရတယ်...
"Shine ကျွန်တော်ဘယ်လိုလဲ အရမ်းမိမိုက်နေတယ်မလား မနက််ကမှန်ကြည့်ရင်း ကိုယ့်ကိုယ်ကိုတောင်ပြန်ကြွေသွားတယ် သိလား....."
မျက်မှန်အမဲကြီးတပ်ပြီး ပို့စ်အမျိုးမျိုးပေးရင်း ပေါတောတောလုပ်ပြနေတဲ့ vita က ဒီလိုကျကလေးငယ်တစ်ယောက်လို ချစ်စရာကောင်းနေပြန်တယ်....
"မင်းက ချစ်စရာလေးပဲ...."
Shine vita ရဲ့ပါး2ဖက်ကို အံကြိတ်ပြီး ခပ်ဖွဖွဆွဲလိုက်တယ် vita အပေါ်အသည်းယားနေမှူတွေ shine မျက်နှာပေါ်အထင်သား မြင်နေရသည်....
"ဒါနဲ့ shine ဒီနေ့ဘယ်သွားချင်လဲ ကျွန်တော်လိုက်ပို့မယ်လေ...."
"ရုပ်ရှင်ကြည့်ချင်တယ် မမသက်မွန်မြင့်က ငါအကြိုက်ဆုံးမင်းသမီးလေ အခုဇာတ်ကားသစ်ရုံတင်ထားတယ် အဲဒါကြည့်ချင်တယ်..."
"ဒါဆို မနက်စာစားပြီးရင်သွားမယ်လေ ...."
"ဒါနဲ့ မင်းခုတလောဘာလို့ ကလပ်တွေ ဘားတွေမသွားတော့တာလဲ ညဘက် မင်းသူငယ်ချင်းတွေဖုန်းခေါ်ရင်လည်းချပစ်တယ် ပြသာနာတစ်ခုခုရှိနေလို့လား ..."
Shine စိုးရိမ်မကင်းတဲ့လေသံနဲ့မေးလိုက်မိတယ်
Vita ကိုယ်တိိုင်ကလည်း မေးခွန်းထုတ်ချင်စရာကောင်းလောက်အောင် အကျင့်တွေပြောင်းနေတာလေ..."မရှိပါဘူး ဒီတိုင်း သူ့အလိုလိုလိမ်မာချင်လာလို့မသွားတော့တာ တကယ်တော့ အဲဒီလိုနေရာတွေသွားတာကကောင်းကျိုးထက် ဆိုးကျိုးများတယ်လေ..."
"ဒါဆိုအရင်ကဘာလို့ခဏခဏသွားခဲ့တာလဲ မင်းကလေ သိရက်နဲ့ဆိုးတဲ့ လူဆိုးကောင်ပဲ...."
"ခုလိမ်မာနေပြီလေ မကြိုက်ဘူးလား...."
ပြုံးစိစိလုပ်ရင်း မျက်ခုံးပင့်မေးလာတဲ့ vita ကို shine မျက်စောင်းတစ်ချက်ထိုးပစ်လိုက်တယ်