2

973 48 1
                                    

"ဟဲ့..ချမ်း..နင့်သူငယ်ချင်းတစ်ယောက်လုံး
ခေါင်းကွဲထားး‌တာနော်..."

ထိုကောင်လေးဆီကအရိုက်ခံရသောရဲရင့်၏ပြောသံ။
စိတ်တိုလဲစိတ်တိုချင်စရာ။
သူ့အမကိုနှောင့်ယှက်နေတဲ့ကောင်နဲ့မှားပြီးအရိုက်ခံရသည်တဲ့။

"နင်ကလည်း..အဲကလေးလူမှားတယ်လို့ပြောတယ်မလား..."

"ဟား...ချမ်း..."

"ငါ့နှလုံးသားလေးပါသွားပြီ..ငါကောင်တို့ရေ..."

ရင်ဘတ်အားဖိ၍ပြောသည်ကြောင့်ကျန်သည့်လေးယောက်မှာခေါင်းခါလျက်။

တကယ်ရင်ခုန်သွားတာတီချယ်ရဲ့။
တို့တောင်းပန်တယ် ဆိုတဲ့တစ်ခွန်းခင်ဗျားမို့လို့ကျုပ်ခေါင်းငြိမ့်တာသိမလား။

ပြောသလိုဘဲ။
တကယ်နောက်ထပ်ထပ်ဆုံချင်တယ်။
မျက်မှန်အောက်ကမျက်လုံးလှလှလေးတွေကျုပ်ငေးချင်တယ်..တီချယ်။

မြင်မြင်ချင်းအချစ်များလား။

~

မဒီတို့မိသားစုသည်အလယ်တန်းစားဟုပင်ပြောနိုင်သည်။
အဖေသည်ရှေ့နေ။
တအားကြီးသုံးဖြုန်းနေနိုင်သည်တော့မဟုတ်။
တော်ရုံသင့်ရုံသာ။

"နောင်နောင်က..ဘယ်ချိန်အလုပ်ဝင်မှာလဲ.."

ညဘက်ဇာတ်လမ်းတွဲကြည့်တတ်သည့်အခါကြော်ငြာလာလျှင်ထိုသို့စကားစမြည်ကိစ္စကစတတ်သည်။

"သား..JHC Groupကိုလျှောက်ရင်ကောင်းမလားလို့..အဲမှာဆို သားဖြစ်ချင်တဲ့ပီဒီအဆင့်ထိသွားနိုင်မယ်ထင်တယ်.."

"အင်း...ကောင်းသားဘဲ.."

"သမီးကရော..ကျောင်းမှာအဆင်ပြေရဲ့လား.."

"ဟုတ်..ပြေပါတယ်.."

"သမီးအသက်၃၅ပြည့်ပီနော်..နောက်လဆို.."

"ဟုတ်..."

အဖေ့စကားကစတော့မည်။
မဒီအငွေ့ပြန်ချင်စိတ်ပင်ပေါ်သွားရသည်။

"ချစ်သူရပြီလား.."

"ဟို..."

"အဖေတအားကြီးဖိအားပေးနေတာမဟုတ်ဘူးနော်..သမီး...သမီးအသက်နဲ့ဆိုအိမ်ထောင်တစ်ခုထူထောင်လို့ရနေပြီ..အသက်ငယ်တော့တာမှမဟုတ်ဘဲ.."

နှလုံးသားအားညှို့ယူသောWhere stories live. Discover now