အပိုင်း၄(Unicode)

272 14 0
                                    

အခန်းထဲမှာ​ "လွှမ်းမိုးရဲ့ကံကော်မြို့တော်"ကိုနားထောင်ကာမှိုင်နေမိသည်

"လွမ်းတယ်ကံကော်ရယ်"

"မမ နင် ဟိုမမလှလှမန္တလေးသွားတုန်းကကားဂိတ်ကိုလိုက်မပို့ခဲ့ဘူးလား မမလှလှကနင့်ကိုမျှော်နေတာကို"

"လိုက်ပို့ရင် ငါငိုမိမယ်ထင်တယ် ကံကော်ငါ့ကိုကျောခိုင်းထွက်သွားတာကိုကြည့်ပြီးတော့လေ"

"အေးပါ မိုးလည်းမိုးမကြီးမှိုင်နေတာမြင်ရတာစိတ်မချမ်းသာဘူး ကဲပါ မိုးအောက်ဆင်းအုံးမယ်"

"အွန်း"

၁လပြည့်သွားလေပြီကံကော်နှင့်မတွေ့ရတဲ့အချိန်တွေက
အဆက်အသွယ်လုပ်မယ်ဆိုသည့်သူကခုထိဖုန်းလဲမဆက်စာလဲမပို့ပေ
ဖုန်းဆက်လဲမကိုင်ပေ
လွမ်းလဲလွမ်းစိတ်လဲပူပေသည်
ထို့နောက်ဖုန်းမှဖုန်းသံမြည်လာသည်
စိတ်တွေဟာကံ​ကော်ဆီရောက်နေတာနဲ့
ဖုန်းလာနေသည်ကိုပင်သတိမထားမိ
နောက်တစ်ခေါက်ထပ်ဆက်လာတော့မှကိုင်မိသည်

"ဟယ်လိုနွေ"

"ဟင် ကံ​ကော်"

၁လလုံးအဆက်အသွယ်မလုပ်သည့်သူကို
စိတ်ဆိုးချင်သော်ငြားလဲ အသံလေးကြားလိုက်တာနဲ့တင် လူကချော့စရာပင်မလိုတော့အောင် ပျော့နေပြီ

"နွေ ကံကော်ကိုလွမ်းနေလားဟင်"

"ဘယ်လိုများမေးလိုက်တာလဲကံကော်ရယ် ကျွန်မလေကံကော်ကိုသိပ်လွမ်းတာပဲ"

"ကံကော်အဆက်အသွယ်မလုပ်မိတာတောင်းပန်ပါတယ်ကွယ်"

"ကံကော်ကိုကျွန်မစိတ်ဆိုးချင်နေတာ"

"ရှင် အဲ့တာဆိုကံကော်ချော့မယ်လေ ကံကော်ကိုစိတ်မဆိုးပါနဲ့နော်"

"ကျွန်မကလေ ကံကော်ရဲ့အသံကိုကြားရုံနဲ့တင်စိတ်ဆိုးပြေပြီးပါပြီ"

"အို နွေကတော့ကွယ်"

"ကံကော်အဆင်ပြေရဲ့လား ကျွန်မစိတ်ပူနေတာ"

"ကံကော်ကအဆင်ပြေပါ့ရဲ့ နွေ ကံကော်ကိုစောင့်နေမလားသိချင်နေတာ"

"ကျွန်မစောင့်နိုင်ပါတယ်ဆိုနေ လွမ်းတာတော့လွမ်းပေမယ့် ကျွန်မကံ​ကော်ကိုစောင့်နေတယ်"

"နွေဦးကံကော်"(short story)Where stories live. Discover now