115.part(1) ဟန်ချောင်: ဒီဇာတ်ညွှန်းက သောက်ရမ်းမိုက်တာပဲ!!!
ဝူကျင်း:???!!!
" ဘယ်သူက မင်းရဲ့အစားထိုးလဲ? မင်းဘာတွေတွေးနေတာလဲ?!"
မင်းက အိပ်မက်လာမက်နေတာပဲ!
ဟန်ချောင် "အိုး"ခနဲအသံပြုလိိုက်ကာ ဖြည်းညှင်းစွာပြောလာတယ်။
"ဒါဆို မင်းကိုမလိုတော့ဘူး.. မင်းက အစားထိုးတောင် မဖြစ်ချင်မှတော့ အကြည့်တစ်ချက်နဲ့တောင် မင်းက ချင်းချင်းကို တကယ်မချစ်ဘူးဆိုတာ ငါပြောနိုင်တယ်"
"ဟုတ်တယ်"ပိုင်ရွှယ်ကော ချက်ချင်းပဲထောက်ခံလိုက်တယ်။
"ဒီတော့ ကျွန်တော်တို့သုံးယောက်ရဲ့ပျော်ရွှင်မှုကို လာမနှောင့်ယှက်နဲ့ .. မြန်မြန်လေး လစ်လိုက်တော့"
ဝူကျင်း:...
"မင်းက အခု အစားထိုးဖြစ်ဖို့ဆန္ဒရှိနေတာလား"
သူ သူ့ရဲ့ညီငယ်လေးကို မယုံနိုင်စွာကြည့်လိုက်တယ်။ပိုင်ရွှယ်ကော ပြုံးလိုက်ပြီး:
"ဒါပေါ့.. အချစ်ဆိုတာ ဒီလိုမျိုးပဲလေ.. ကျွန်တော် တကယ်ချစ်တဲ့သူနဲ့ အတူရှိခွင့်ရသရွေ့ ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိတယ်"
ပြောရင်းနဲ့ သူက ရှန်ချင်းရှုဘက်ကို ရည်ရွယ်ချက်ရှိရှိလှည့်ကြည့်လိုက်တယ်။
"ဟုတ်တယ်မလား ချင်းချင်း"
ရှန်ချင်းရှု:...
ရှန်ချင်းရှု ပြုံးလိုက်ရုံပဲ တတ်နိုင်တယ်။
"မင်းပြောတာ အမှန်ပဲ"
ဝူကျင်း:...
ဝူကျင်း ဒေါသတကြီးနဲ့ ဟန်ချောင်ဘက်ကိုလှည့်ကြည့်တော့ ဟန်ချောင်က တည်ငြိမ်နေဆဲ။ သူ့ရဲ့ခေါင်းပေါ်မှာ မြက်ခင်းတစ်အုပ်လိုက်ပေါက်နေတာတောင် ဒေါသထွက်နေဟန်မရှိဘူး။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer