ပထမဆုံးနေ့။
သူ၏ပြိုင်ကားလေးသည်ထိုအမျိုးသမီး၏အိမ်ရှေ့ထိုးရပ်သွားသည်။
နေ့တိုင်းအကြိုအပို့လုပ်ပေးရမည်ဆိုသည့်အသိကသူ့အားပျော်စေသည်။မနေ့ကလာတွေ့တော့အလိုမကျတဲ့ပုံစံကိုချမ်းတွေ့တာပေါ့။
"ရှေ့ခန်းမှာထိုင်လေ..မဟုတ်ရင်ကျုပ်ကဒရိုင်ဘာပုံစံပေါက်တာပေါ့..."
"...."
မဒီသည်သူ့စကားအားဂရုမစိုက်ဘဲနောက်ခန်းတွင်သာဝင်ထိုင်သည်။
ခနခနသာခိုးကြည့်ရသည်။
ထိုအမျိုးသမီးသည်အပြင်သာကြည့်နေ၍အရေးပင်မစိုက်။
ဘာအရေးလဲ။
ဒီလိုကြည့်နေရတာကိုချမ်းကပျော်နေတာ။ကားလေးသည်ဆင်ဝင်အောက်ရပ်သည်နှင့်ထိုအမျိုးသမီးကအရင်ပင်ဆင်းသွားသည်။
"လစာညှိဖို့ကွယ်..မဒီဘယ်လောက်ဆိုအဆင်ပြေမလဲ..."
"ကျွန်မလစာမယူဖို့ဆုံးဖြတ်ထားပါတယ်..အန်တီမြ..."
"အယ်..အဲလိုတော့မဖြစ်ဖူးလေ...မဒီရဲ့...အင်း..ခြောက်သိန်းလောက်ဆိုအဆင်ပြေမလား..."
"အာ...များလွန်းတယ်လေ..အန်တီမြ.."
ချမ်းသည်နားထောင်သူသက်သက်သာပင်။
ဒေါ်ညှို့မဒီမှိုင်းသည်စကားပြောသည်ကိုနူးညံ့လှသည်။
ခရေပန်းကြိုက်သည်ထင်သည်။
ဆံပင်စည်းထားသည်၌ခရေပန်းသီထားသည့်အကုံးကိုပန်ထားသည်။"အယ်..တီချယ်တောင်ရောက်နေပြီလား.."
ကျူရှင်မှပြန်လာသောခြူးခြူးသည်သူ့အဖွားဘေးဝင်ထိုင်ကာပြောသည်။
"အင်း..သမီး.."
"ဒီနေ့English eassyလေးတစ်ပုဒ်ဖြေနေရလို့ကြာသွားတာ..သင်ရအောင်လေ..ခြူးခြူးအခန်းထဲမှာဘဲသင်မယ်နော်...တီချယ်.."
"ဟုတ်ပီ..."
ခြူးခြူးသည်မဒီ့စာအုပ်အိတ်အားဆွဲပေးသည်။
မဒီသည်ခြူးခြူးအခန်းထဲသို့လိုက်လာသည့်တိုင်ဟိုကလေးမသည်လည်းမဒီ့အားအကြည့်မပျက်။ရဲတင်းလိုက်တဲ့အကြည့်တွေ။
~
"အဲဆိုတီချယ့်ကိုဒီတစ်ပုဒ်လေးတွက်ပေးထားနော်..."
YOU ARE READING
နှလုံးသားအားညှို့ယူသော
Romanceနိဗ္ဗာန်မရောက်ချင်ဘူး..တီချယ်.. မျက်မှန်အောက်ကတီချယ့်မျက်ဝန်းတွေ.. ကျုပ်ထိုင်ငေးချင်တာ... #ချမ်းထက်မောင်