အပိုင်း 18
တနင်္ဂနွေနေ့ မနက်ခင်းဝယ်...
နွေရိပ်တို့ ထမင်းစားသောက်ပြီးနောက် လူငယ်စင်တာကို သွားကြလေသည်။
လူငယ်စင်တာမှာ ထွန်းဆွေတို့က ရောက်နှင့်နေလေပြီ။
ထွန်းဆွေရဲ့ ဘေးမှာ ပိုးပိုးက ထိုင်နေလေသည်။
တခြားသူတွေကို ကြည့်လိုက်တော့ သန့်ရှင်းရေးလုပ်တဲ့သူက လုပ်နေကြပြီး စင်တာအပြင်ဘက်မှာ စိုက်ထားတဲ့ သစ်ပင်လေးတွေကို ရေလောင်းတဲ့သူကရေလောင်းနေကြသည်။စင်တာကို ပိုလို့ ကျက်သရေရှိစေတဲ့ ထိုသစ်ပင်လေးတွေက လူငယ်တွေ စုပေါင်းစိုက်ပျိုးထားကြတဲ့အရာများဖြစ်သည်။
နွေရိပ်တို့ကို မြင်တော့ ထွန်းဆွေက ပိုးပိုးအနား ထိုင်နေရာမှ ထလာလေသည်။
"မင်းငယ်တို့... အတွင်းမှာ ထိုင်ကြဦးနော်"
"ဟုတ် အကိုထွန်းဆွေ"
ထွန်းဆွေ မင်းငယ်တို့အားပြောပြီးနောက် ကုက္ကိုပင်အောက်ကို ပြန်သွားလိုက်သည်။
ထို့နောက် ပိုးအိစံကို လေသံမာမာနဲ့ မေးလိုက်သည်။
"စာကမဖတ်ခဲ့တော့ ဘယ်လိုဆွေးနွေးမှာလဲ ပိုးအိစံ"
"ဟို နောက်အပတ်ကျမှ ဆွေးနွေးရင်လည်း ရတယ်မလား...ဒီအပတ်မဆွေးနွေးဘဲ နောက်အပတ်ကျမှ ဆွေးနွေးတော့မယ်"
ထွန်းဆွေ မျက်မှန်ကို ချွတ်ကာ ဆံပင်ကို ပင့်တင်လိုက်သည်။
ထို့နောက် သက်ပြင်းချလိုက်ကာ..."နောက်အပတ်ကျလည်း ဆင်ခြေတစ်မျိုးနဲ့လာဦးမာမလား"
ထွန်းဆွေစကားကြောင့် ပိုးအိစံက ထိုင်နေရာမှ ထကာ...
"ညီမဘာသာ မဆွေးနွေးချင်တာ ဘာပြုလဲ...လူတစ်ယောက်စိတ်ကို အဲ့လူတစ်ယောက်ရဲ့ စိတ်ဆန္ဒမပါဘဲ အတင်းအကြပ်မလုပ်ပါနဲ့...စိတ်ကို မနှိပ်စက်ပါနဲ့ အကို"
ထွန်းဆွေ ဘာမှမပြောဘဲ တိတ်ဆိတ်လို့ နေလိုက်သည်။
ခဏအကြာမှ..."ဦးလေးတွတ်က ညီမကို စောင့်ရှောက်ပေးပါ၊ပြီးတော့ ညီမကို စာဖတ်တတ်တဲ့အလေ့အကျင့်ရှိအောင်လို့ရော အကို့ကို အပ်ထားတာ...ညီမ မလိမ်မာရင် ဆုံးမဖို့ရော"

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Romanceမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။