Ghost Marriage (1)

495 64 61
                                    

(Unicode)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Unicode)

"ပက်ခ်ဂျီမင်း မင်းအိမ်လစာဘယ်‌တော့ပေးမှာလဲ...?? မပေးတာ ၃လကျော်နေပြီနော်"

"ပေးမှာပါဗျာ... ကျွန်တော်လဲ ကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်းအလုပ်တွေ လုပ်နေရတာမို့ပါ"

"အို...ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့အိမ်လစာကတော့ ပေးရမှာပဲ... ပိုက်ဆံလိုချင်လို့အိမ်ငှားစားတာ မင်းကိုအလကားတင်ထားဖို့မဟုတ်ဘူး"

မနက်စောစောစီးစီး အကြွေးတောင်းခံနေရတာကြောင့် ဂျီမင်းစိတ်ညစ်နေမိတယ်...။ မိဘမဲ့တစ်ကောင်ကြွက်တစ်ယောက်‌အနေနဲ့ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်ရတာ တကယ်ပင်ပန်းလွန်းပါတယ်...။ အချိန်ပိုင်းအလုပ်တွေ တန်းစီလုပ်ပေမယ့်လည်း စားစရိတ်တောင်အနိုင်နိုင်မို့ အိမ်လစာတွေလည်း အကြွေးတင်နေလေပြီ...။

"ကျွန်တော်ဒီရက်ပိုင်းအတွင်း ပေးပါ့မယ်ဗျာ... အခုတော့ အလုပ်နောက်ကျနေလို့ သွားတော့မယ်နော်"

"ဒီတစ်ပတ်အတွင်းပေးရမယ်နော်... ကြားလား...!!!"

အနောက်ကနေလှမ်းအော်တဲ့အိမ်ရှင်အဒေါ်ကြီးကို ခေါင်းသာညိတ်ပြလိုက်ပြီး မနက်ပိုင်းအလုပ်လုပ်နေကျ ကော်ဖီဆိုင်လေးဆီသို့ပြေးရတော့တယ်...။ စက်ဘီးကလည်း လွန်ခဲ့တဲ့၂ရက်က ဘီးပေါက်သွားတာကြောင့် တာယာအသစ်မလဲရသေးခင်မှာ တော်‌တော်လေးဒုက္ခများရတယ်...။ အထူးသဖြင့် အချိန်ပိုင်းအလုပ်တစ်ခုနဲ့တစ်ခု အကူးအပြောင်းလုပ်တဲ့အချိန်မှာပေါ့...။

ကော်ဖီဆိုင်လေးကိုရောက်တော့ ဆယ်မိနစ်လောက်နောက်ကျနေလေပြီ...။ ဒီရက်တွေမှာ စက်ဘီးမရှိတာ‌ကြောင့် အချိန်ပိုင်းအလုပ်တွေကို အမြဲနောက်ကျနေတော့တာပဲ...။

True Love Never Die (YM Short Stories)Where stories live. Discover now