Royal Omega Become My Mate
__________________________________" Min... ထွက်တွေ့လိုက်ပါဦး..သူကသွားရတော့မှာလေ "
" Min မတွေ့ချင်ဘူး အထိန်းတော်ကြီး.. သူတောင်လာမတွေ့တာကို ဘာလို့သွားတွေ့ရမှာလဲ "
" အဲလိုလုပ်လို့မရဘူးလေ..Min ဗိုက်ထဲမှာက.."
" အထိန်းတော်ကြီး စကားပြောတာဆင်ခြင်ပါ..ဗိုက်ထဲမှာ Jeon ရဲ့ကလေးမရှိတော့ဘူး "
" ကျစ်! ဒီလိုနေလို့မဖြစ်ပါဘူး..နှစ်ယောက်သားသေချာဆွေးနွေးရမယ်လေ "
" Min တို့နှစ်ယောက်ကပေါင်းဖက်လို့မရဘူး အထိန်းတော်ကြီး..အဲ့တာကအစကတည်းကပဲ..ရူးမိုက်ခဲ့မိလို့သာ "
" မဟုတ်သေးပါဘူး Min..ချစ်နေကြရက်နဲ့.."
" မချစ်ဘူး..Jeon က Min ကိုမချစ်ဘူး..ဟင့်! "
ရှိုက်သံတို့ဖြင့်Min ရဲ့စကားကြောင့် အထိန်းတော်ကြီးဆက်မပြောဖြစ်တော့။ စိတ်ထိခိုက်စေမယ့်စကားတွေကိုလဲမပြောချင်တော့တာကြောင့်။
" Min သွားမတွေ့ဖို့ဆုံးဖြတ်ထားရင်လဲ ခန်းစည်းကိုပိတ်လိုက်ပါတော့ "
" Min... Min.. သူ့ကိုကြည့်နေတာမှ မဟုတ်တာ "
ကွင်းပြင်ကျယ်ကြီးထဲ စစ်ဝတ်စုံဖြင့် Jeon ဟာခရီးသွားဖို့အဆင်သင့်ဖြစ်နေခဲ့ပြီ။ သူနဲ့အတူလိုက်ပါမည့် တပ်သားများကလဲ အသင့်ရောက်နေကြပြီ။
Ram တိုင်းပြည်ဟာအခုဆိုမင်းမရှိတိုင်းပြည်ဖြစ်နေကာ အရာရာချို့ယွင်းပျက်စီးမှုတို့ရှိနေခဲ့သည်။ ငတ်ပျတ်၊ ပျက်လက်နေတဲ့ထို Ram တိုင်းပြည်ကို ပြန်လည်ထူထောင်ပေးမယ့် ခေါင်းဆောင်ကောင်းကအလိုအပ်ဆုံးဖြစ်နေပြီ။ တိုင်းသူပြည်သားတွေရဲ့တောင်းဆိုချက်က ဘုရင့်မျိုးရိုးလဲဖြစ်၊ တော်ဝင်တိုင်းပြည်နှင့်လဲအဆင်ပြေနေသည့် Jeon ကိုသာဖြစ်သည်။ တိုင်းသူပြည်သားတွေက Jeon ကို ပြန်လာပြီး Ram တိုင်းပြည်ကိုအုပ်ချုပ်စေချင်ခဲ့သည်။
Jeon ကိုယ်တိုင်လဲ ကိုယ့်တိုင်းပြည်ကိုဥပေက္ခာမပြုရက်နိူင်။ ထို့အပြင် Jungkook တစ်ခဏတော့စိတ်ထွက်ပေါက်အဖြစ် တစ်နေရာကိုထွက်သွားချင်မိသည်။ ထို့ကြောင့် တော်ဝင်အိမ်ရှေ့စံဆီမှာခွင့်ပြုချက်ယူပြီး ဒီနေ့ကိုစထွက်ဖို့စီစဥ်ထားခြင်း။
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfiction" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."