part 1

9 0 0
                                    

'ဘယ်လိုလဲ ဒီအရောင်နဲ့ကျမနဲ့လိုက်ရဲ့လား'

အညိုရောင်ဝမ်းစက်က်ိုကျော့နေအောင် ဝတ်ထားတဲ့မိန်းမတစ်ယောက်ဟာ ရှေ့မှာရှိနေတဲ့ ခပ်ပြုံးပြုံးအနေအထားရှိတဲ့ ယောက်ျားတစ်ယောက်ကို ညူစူစူပြုံးပြီးမေးလိုက်သည်။

"အရင်တစ်ခေါက် ကျနော်‌တို့တွေ့တုန်းက အဲ့ဒီအရောင်ခပ်ရဲရဲနဲ့ပိုလိုက်တယ်လို့ထင်တယ် "

"အော် အဲ့ဒီ့အရောင်လား လွန်ခဲ့တဲ့နှစ်‌နှစ်‌ေကျာ်‌လောက်ကထင်တယ် ကိုဒီ'စလုံး'ကပြန်လာတော့ ဝယ်ပေးထားတာလေ။ ကျမလဲအရမ်းသဘောကျလွန်းလို့ နေ့တိုင်လိုလိုဆိုးဖြစ်တယ်။ဟိုတစ်လောကပဲကုန်သွားလို့ နောက်တစ်ရောင်ပြောင်းဆိုးထားတာလေ"

"နှစ်နှစ်ကျော်လို့ပြောလိုက်တာလား မခင်မျိုးမြတ်, နှုတ်ခမ်းနီတစ်တောင့်က နှစ်နှစ်ကျော်တဲ့အထိသုံးဖို့လောက်တယ်လား"

ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံ ချက်ချင်းဆိုသလို အသက်မဲ့သွားပီးနောက် ကိစ္စတစ်ခုခုကိုစဉ်းစားနေသယောင်မျက်လုံးတွေက ဟိုကြည့်ဒီကြည့်။

"နှစ်နှစ်လား အမ် နှစ်လများဖြစ်မလား သေချာမမှတ်‌မိတော့ပါဘူးရှင်... ဟီးဟီး ကျမကငယ်ငယ်ကတည်းက ဘာကိစ္စကိုမှရေရေရာရာမှတ်မိတာမဟုတ်ဘူး ဟုတ်ပ လွန်ခဲ့တဲ့နှစ်လကဖြစ်မယ် သူပြန်လာတော့ဝယ်လာတာ"

"အွန်းဟုတ်ပါပီ အမအမျိုးသားကအမကို တော်တော်ဂရုစိုက်တဲ့ပုံပဲ အခုရောပါလာရဲ့လား ဘယ်မှာစောင့်နေလဲ"

"ဆေးရုံရှေ့မှာပဲစောင့်နေတယ် သူကလူစိမ်းတွေနဲ့တွေ့ရတာသိပ်သဘောမကျဘူးလေ ကျမကဆရာနဲ့မိတ်ဆက်ပေးချင်လို့ တစ်ခေါက်လောက်လိုက်ခဲ့ပါလို့ပြောတာတောင် ဘယ်တော့မှမလိုက်ဘူး။ အခု‌တောင်ညီမ မင်္ဂလာဆောင် သွားရင်းနဲ့ ဆရာ့ဆီကိုခဏဝင်လာတာ"

"ညီမဆိုတာက မခင်မျိုးမြတ်ရဲ့ညီမ မတင်မျိုးမြတ်ကိုပြောတာလား"

"ဟုတ်တယ် ဟုတ်တယ် ဆရာ့ကိုပြောဘူးမလားတော့မသိဘူး"

"ကျနော်ကြားရသလောက်တော့ မတင်မျိုးမြတ်မှာ သားနှစ်ယောက်ရှိတယ်မဟုတ်ဘူးလား အခုကသူ့မင်္ဂလာဆောင်ဆိုတော့"

You've reached the end of published parts.

⏰ Last updated: Sep 21 ⏰

Add this story to your Library to get notified about new parts!

 Burning (လောင်မြိုက်နေ့စွဲများ)Where stories live. Discover now