Solid Black, long sleeve shirt ကို လက်ဖျံပေါ်အောင် လက်ကောက်၀တ်ထိလိပ်တင်ထားသည့် သွေးကြောစိမ်းစိမ်းများဖြင့် အမျိုးသားတစ်ဦးက ကျွမ်းကျင်စွာဖြင့် အရက်စပ်ကာ အရှေ့ကလူများ၏ အာရုံစူးစိုက်မှုကို သိမ်းပိုက်ထား၏
"ကဲ အလုပ်ချိန်ရှိသေးတာမို့ တော်ကြတော့နော် ကျွန်တော် မနက်ဖြန်မှ ထပ်လုပ်ပြမယ်"
ကျွန်တော်ဟူသော အသုံးအနှုန်းကြောင့် ချိုချိုသာသာနားထဲပျားရည်အိုး လောင်းချခံလိုက်ရသလို အသံလေးထက် သူရဲ့ ယဉ်ကျေးပျူငှာနေတဲ့ အသုံးအနှုန်းကို ဆွန်းဟန် အံ့ဩချီးကျူးနေမိပါ၏
သူအရှေ့တည့်တည့်ကို သွားထိုင်နေလိုက်ပြီး ထိုလူ၏ လှုပ်ရှားမှုအသွယ်သွယ်ကို တစ်စိမ့်စိမ့်လိုက်ကြည့်နေမိသည်။ ဖန်ခွက်များကို အချိုးညီညီလှုတ်လိုက်သည်ရော lime များကို အလှဆင်နေသည်ကော Whisky ပုလင်းကို ယူလိုက်သည့် ဟန်ပန် ဖန်ခွက်ထဲသို့ ထည့်နေသည့်အသွင် ထိုလူသား၏ လှုပ်ရှားမှုအသွယ်သွယ်ကို သူမျက်စိထောင့်ထောက်လိုက်ကြည့်နေမိသည်။ လက်ဆစ်ရှည်ရှည်သွယ်သွယ်ဖြူဖြူလွလွလေးက လှုပ်ရှားမှုတို့ မြန်ဆန်လွန်းလှသည်။
"ဘာသောက်မှာလဲ"
"ဟင်"
အငိုက်ဖမ်းကာ မေးလာသော မေးခွန်းအောက် ဆွန်းဟန်အကြံကုန်သွားရသည်။
"Martini"
"ဘယ်ဟာလဲ"
ချိုမြိန်၏ ပျားရည်တို့ နားထဲကို လောင်းချလိုက်သလို ချိုမြိန်လှ၏
"ရိုး.....ရိုးရိုးပဲ ဘယ်ဟာဖြစ်ဖြစ် အဆင်ပြေတာ"
ပြန်ဖြေစကားမဆိုလာသော ထိုလူကို ဘားကောင်တာပေါ် မေးထောက်ကာ မျက်၀န်းတို့မှေးစင်းစင်းလုပ်လျက် ကြည့်နေမိသည်မှာ အတော်ကြာကြာ။ သို့သော်လည်း ထိုလူက သူ၏အကြည့်စူးစူးရဲရဲတို့ကို ဂရုမစိုက်ဟန်။ မဟုတ် သတိပင်မထားမိတာ ဖြစ်မည်။ နားထင်က ချွေးစို့စို့၊ နှာဖျားပေါ်က ချွေးစက်စို့စို့တို့ကိုပင် မသုတ်နိုင်ပဲ အလုပ်များလျက်ရှိပေသည်။
"ရပါပြီ Gin Martini"
မျက်စိရှေ့သို့ ရောက်လာတဲ့ Cocktail ခွက်ကလေးကို အာရုံမစိုက်နိုင် ဆွန်းဟန်၏ မျက်၀န်းလှလှတို့က ထိုအမျိုးသား၏ ခန္ဓာကိုယ်ပေါ်မှာ ကျောက်ချနေ၏ တစ်နည်းအားဖြင့် ထိုအမျိုးသား သူ့အပေါ်ယိမ်းယိုင်လာအောင် ဘယ်သို့ဘယ်ပုံ ဆွဲဆောင်ရမည်နည်း စဉ်းစားနေခြင်း ဖြစ်သည်။ မိန်းကလေးတိုင်း၏ အိမ်မက်ထဲက Devil လှလှကလေး ဟုန်းဆွန်းဟန်လည်း ဤအချစ်ထိပ်ထားစံအမျိုးသားနှင့်တွေ့မှ ခေါင်းကိုက်နေရသည်။
YOU ARE READING
𝟏𝟎 𝙈𝒊𝙣𝒖𝙩𝒆𝙨
Fanfic𝑰𝒕 𝒐𝒏𝒍𝒚 𝒕𝒂𝒌𝒆𝒔 𝒕𝒆𝒏 𝒎𝒊𝒏𝒖𝒕𝒆𝒔 𝒇𝒐𝒓 𝒉𝒊𝒎 𝒕𝒐 𝒇𝒂𝒍𝒍 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝒑𝒆𝒐𝒑𝒍𝒆, 𝒕𝒐 𝒄𝒂𝒑𝒕𝒖𝒓𝒆 𝒕𝒉𝒆𝒊𝒓 𝒉𝒆𝒂𝒓𝒕𝒔, 𝒕𝒐 𝒅𝒆𝒔𝒕𝒓𝒐𝒚 𝒕𝒉𝒆𝒊𝒓 𝒍𝒐𝒗𝒆𝒔.