Unicode
"မင်းမှာ အိမ်မရှိဘူးလား သက်ထင် ထွက်သွားတာဖြင့် ဘယ်လောက်မှမကြာသေးဘူး ထပ်ရောက်လာပြန်ပြီ ဒီတခေါက် အရက်ပါဆွဲလာသေးတယ် ငါ့အိမ်ကို ဘုံဆိုင်မှတ်နေလားကွ!"
လွန်းခိုင် သက်ထင်ထိုင်နေသော ခုံခြေအား တချက်ကန်ကာ မကြေမနပ်ညည်းလိုက်သည်။ သို့သော် အမူးသမားလေးမှာ ဂရုမပြုမိဟန်။ မည်သည့်တုန့်ပြန်မှုမှပေးမလာ။
"နို့ မိုးသက်လေက အဲ့ဒီကောင်နဲ့ ရွာကိုလိုက်သွားပြီပေါ့?"
"ဟုတ်တယ်!!"
"လန့်တာကွာ "
မူးမူးရူးရူးထအော်သည့် သက်ထင်ကြောင့် အရာခံဗိုလ် လွန်းခိုင်ပင် ရင်ဘက်လက်ဖြင့်ဖိထားလိုက်ရသည်။
"ဆိုတော့ကာ မင်းက ရင်ဘက်စည်တီးပြီးကျန်နေခဲ့တယ်ပေါ့ ဟားဟား သက်ထင်ရာ မင်းမလဲ အချစ်ရေးကံမကောင်းလှပါလား"
"ဘယ်သူကရင်ဘက်စည်တီးနေလို့လဲ?! ငါကနည်းနည်းဒေါသဖြစ်နေရုံပဲကွ! "
အမှန်တော့ သက်ထင်စိတ်ထဲ၌ အတော်လေးနောင်တရနေ၏။ သူရင့်သီးသော စကားများမပြေယလိုက်သင့် နှစ်ညကုန်သွားသည့်တိုင် ထိုညက မိုးသက်လေ၏ ဝမ်းနည်းနေသော မျက်နှာလေးမှာ မျက်ခုံးထဲကမထွက်။ တင်းတင်းကျပ်ကျပ်ပြေးဖက်ကာ ခေါင်းလေးပွတ်ကာ ချော့ပေးချင်မိတော့သည်။
သို့သော် ဒေါသလက်ကျန်မှာလည်း အရှိန်မသေသေး။"သူ့ကိုကြိုက်နေရင်လဲ လိုက်လေကွာ လေကြီးမိုးကြီး မင်းပြောတော့ သူကမင်းကို မေတ္တာရှိနေတာပါဆို ဘာခက်နေလို့လဲ?"
"ကျုပ်ကြိုက်က မနေဘူးကွ! "
"နို့ သူသဘောကျတဲ့သူနဲ့ သူလိုက်သွားတာ မင်းကဘာဖြစ်နေတာလဲ? ငါ့အထင် သူကမင်းကို သဘောကျတယ်မထင်ဘူး မဟုတ်ရင် ဘာလို့မင်းကိုငြင်းပြီး တခြားတယောက်နဲ့ လိုက်သွားမှာလဲ? ဒါပေမယ့် သူမင်းကိုတကယ်ကြိုက်နေတာဆိုရင် သူထွက်သွားတာကလည်း ကောင်းတဲ့ရွေးချယ်မှုပဲလေ မင်းမှ သူ့ကိုမကြိုက်တာ မင်းအနားမှာ ဆက်နေရင် သူပဲနာကျင်ရမှာ"
"ကျစ် မသိတော့ဘူးကွာ"
"ကိုယ်ချစ်တဲ့သူကပြန်မချစ်တာ ဘယ်လောက်နာကျင်စရာကောင်းလိုက်လဲ ခုဆို မိုးသက်လေက မင်းကိုမေ့ပြစ်ပြီး တခြားသူရှာလိုက်နိုင်တာ ကောင်းတာပဲ အဲ့တယောက်နဲ့ အတူတူနေပြီ လက်ထပ် ဟိုဟာဒီဟာလုပ် ကလေးလေးတွေရ မိသားစုလေးပျော်ပျော်ရွှင်ရွှင် အားးး ဘယ်လောက်တောင်သာယာလိုက်လဲ မိုးသက်လေက မြို့ထဲက အလုဆုံး ကွမ်းထောင်ကိုင်ပန်းထောင်ကိုင်လေးလေ နောက်မကျသေးရင် ငါတောင်သူ့ကို ပိုးချင်တယ်"
ESTÁS LEYENDO
မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)
Romancemale × Intersex punishment typeလေးပါ။ အသက်၄၀စွန်းစွန်းမြို့အုပ်မင်းဦးဘရှိန်×ငယ်ငယ်ရွယ်ရွယ်ဒွိလိင်အဆိုးလေး လျှမ်းပ M pagဖြစ်ပြီး ukeက မိန်းမလိုဝတ်စားထားတဲ့ficပါ။Age gap 16နှစ်ကွာတာမို့ အဆင်ပြေမှာဖတ်ပါ။