Part-25 (U+Z)

491 7 0
                                    

Unicode

🎶 နှလုံးသားရဲ့ ဂီတ 💛

-------- အပိုင်း (၂၅) --------

"ဒါ ဘာတွေလဲဇိုင်း"

ရုတ်တရက်ကြီးရောက်ချလာပြီး
တိုက်ခန်းစာချုပ်တွေလာပြနေသည့်ဇိုင်းအား
နယော နားမလည်နိုင်စွာပြန်မေးမိတော့သည်။

"အဲ့ကွန်ဒိုကို ကိုRainဝယ်ထားတာ"

နယောက မျက်မှောင်လေးကြုံ့မိသည်။
ကိုကို့လို စီးပွားရေးသမားတစ်ယောက်က
ကွန်ဒိုဝယ်တာ ဘာတွေများထူးဆန်းနေလို့လဲ။
မေမေဆိုလည်း စျေးကောင်းရတဲ့အချိန်
ပြန်ရောင်းဖို့ဆိုပြီး ကွန်ဒိုတွေကိုဝယ်တာပဲလေ။
တစ်ခါတလေဆို လုံးချင်းအိမ်တွေတောင်မှ
ပါသေးတယ်မဟုတ်လား။
ဇိုင်းကိုကြည့်တော့လည်း အလေးအနက်ဖြစ်
နေပုံမို့ နယောသာ ပိုလို့စိတ်ရှုပ်သွားရသည်။
ဇိုင်း ဘာပြောချင်နေတာလဲ။

"သူ အဲ့ဒါကိုဝယ်တာ အလုပ်လုပ်ဖို့မဟုတ်ဘူး
တစ်ယောက်ယောက်ကို ဝယ်ပေးတာ...
အဲ့ဒါဘယ်သူလို့ နင်ထင်လဲ နယော "

နယောက တစ်ချက်တွေသွားသည်။
သူမကိုဝယ်ပေးတယ်ဆိုလည်း
ကိုကိုမပြောဘဲတော့နေမှာမဟုတ်။
တကယ်လို့ဟုတ်ခဲ့တယ်ဆိုရင်တောင်မှ ...
ဘာအတွက်လဲ။

သိချင်စိတ်ကြောင့် နယောက
စာချုပ်မှ ဝယ်ယူသူအမည်အား
လှန်လှောလို့ကြည့်လိုက်သည်။

.... လရောင်သွေး ....

"ဟင်! "

"ဟုတ်တယ်၊ သူ အဲ့ကွန်ဒိုကို
သူမယူလိုက်ရတဲ့မိန်းမအတွက်
ဝယ်ပေးထားတာ "

နယောက ထိုနာမည်တစ်ခုတည်းကိုသာ
စိုက်ကြည့်ရင်းနဲ့ ဘာစကားမှပင်မပြန်နိုင်။
ဖြစ်နိုင်ချေတစ်ခုတည်းကသာ
သူမ ခေါင်းထဲချက်ချင်းပေါ်လာပေမဲ့
နယောက လက်မခံနိုင်စွာ
အခြားအကြောင်းပြချက်တစ်ခုအား
အလျင်အမြန်ရှာလို့ တွေးလိုက်သည်။

"မမသွေးက ကိုကို့ရဲ့ဝန်ထမ်းလေ ဇိုင်း ~
ကိုကိုက သူ့နာမည်နဲ့မဝယ်ချင်တော့လို့
တစ်ဖက်လှည့်နဲ့ 'မမသွေး'နာမည်ကို
သုံးလိုက်တာဖြစ်မယ်...အင်း..အဲ့လိုပဲနေမှာ"

နယောကထိုစကားအားပြောနေတုန်းမှာ
ဇိုင်းနဲ့အကြည့်ချင်းမဆုံအောင်
တမင်ရှောင်လို့နေသည်။
ထိုသည်အားကြည့်ကာပင် ဇိုင်းရင်ထဲ
နာကျင်လာသည်က တဆစ်ဆစ်။
နင်ဘာလို့ အဲ့လောက်ထိသူ့ကို
ကာကွယ်ပေးနေရတာလဲ နယောရာ..။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Where stories live. Discover now