Part-11 to Part-12 Uni/Zawgyi

2.7K 38 0
                                    

Baby လူဆိုး(or)သူမလေးသာမြတ်နိုးရာ

Part-11

"ဟာဒီဉီးလေးကြီးလူကိုတော်တော်ဒုက္ခပေးနေပါလား"

"အိပ်တော့မိDD နင်အိပ်တော့"

အိပ်ဖို့ကြိုးစားပြီးမျက်လုံးမှိတ်တိုင်းဉီးလေးကြီးရဲ့မျက်နှာကပေါ်ပေါ်လာပြီးသူပြောလိုက်တဲ့စကားတွေပဲပြန်ကြားနေလေသည်။

"ဟာ ဒီဉီးလေးကြီးကတော့မျက်လုံးမှိတ်လိုက်တာနဲ့ပေါ်ပေါ်လာတယ်၊မျက်လုံးဖွင့်အိပ်လို့ကလည်းမရပြန်"

"လူကိုဒုက္ခလာပေးနေတာ"

ဉီးလေးကြီးကတော်တော်တော့ချောသားပဲစမတ်ကျလွန်းတဲ့ဝတ်စားပုံ၊တည်တန့်နေတဲ့မျက်နှာကယောက်ျားပီသလွန်းတယ်၊နှာတံဆင်းဆင်းမျက်ခုံးကောင်းကောင်း၊ရယ်လိုက်ရင်သွားဆွယ်လေးကထွက်ထွက်လာပြီးအတော့်ကိုကြည့်ကောင်းလွန်းတာပဲDDတစ်ယောက်ဉီးလေးကြီးပုံကိုမျက်လုံးထဲမှာပုံဖော်ပြီးရေရွတ်နေမိသည်။

"ဟာ မိDDနင်ဘာတွေလျှောက်တွေးနေတာလည်း"

"ဒီရင်ဘက်ကြီးကဘာလို့အဲ့လောက်တောင်ခုန်နေတာလည်း။

တစ်ယောက်ထဲဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်ထ ထိုင်လိုက်၊ရေသောက်လိုက်နဲ့ဒီနေ့ညတော့အိပ်ပျော်မယ်မထင်တော့ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~
"ဟဲ့ မိန်းမပြောပါအုံးမနေ့ကနင့်ဉီးလေးကြီးကနင့်ကိုအတိုတွေမဝတ်ဖို့ပြောသွားတယ်ဆို"

"အဲ့အကြောင်းလေးရှင်းစမ်းပါအုံး"

"ဘာရှင်းစရာလိုလို့လည်း"

"ဝိုင်း ပြောပြီးပြီမဟုတ်ဘူးလား"

"မိဝိုင်း ပြောတာတော့ဟုတ်တယ်လေဒါပေမယ့်လဲနင်တို့နှစ်ယောက်ကဘာတွေလည်းသိချင်တာ"

"ဘာတွေရမှာလည်းလူတွေလေ"

"ဟဲ့ လူမှန်းတော့ငါကသိတယ်"

"နင်တို့နှစ်ယောက်ရဲ့အခြေအနေကိုပြောတာ"

သူငယ်ချင်းတစ်စုစားသောက်ဆိုင်တစ်ခုမှာထိုင်ပြီးစကားပြောနေကြခြင်းပေ။

"အခြေအနေ"

"အင်းလေဘယ်လိုပတ်သက်နေကြပြီလည်းလို့"

Babyလူဆိုး(or)သူမလေးသာမြတ်နိုးရာWhere stories live. Discover now